စစ်မှုထမ်းရန် စုဆောင်းခံရသည့် အမျိုးသမီးများ တပ်ဖွဲ့ဝင်များ၏ စားသောက်ရေးနှင့် ဝေယျာဝစ္စများ လုပ်နေရ

စစ်မှုထမ်းရန် စုဆောင်းခံရသည့် အမျိုးသမီးများ တပ်ဖွဲ့ဝင်များ၏ စားသောက်ရေးနှင့် ဝေယျာဝစ္စများ လုပ်နေရ

စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက် နေထိုင်ရေးနှင့် အခြားသော ဝေယျာဝစ္စများကို ဖိအားပေးခိုင်းစေမှုများကြောင့် လုပ်ပေးနေကြရသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ပြောသည်။

စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသည့် အမျိုးသမီးအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ WLB အထွေထွေ အတွင်းရေးမှူး နန်းမို့မို့က ယခုကဲ့သို့ ပြောသည်။

၎င်းက “ရှေ့တန်း စစ်မြေပြင်မှာ ပို့တဲ့ဟာတွေလည်း ရှိသလိုမျိုး မပို့ဘဲနဲ့ အထူးသဖြင့် ဘယ်လိုခေါ်မလဲ စခန်း တွေမှာ အဲဒီနေရာတွေမှာ အမျိုးသမီးတွေကို အကူလိုမျိုး အဲဒီမှာ ရှိနေတဲ့ စစ်သားတွေရဲ့ စားရေးသောက် ရေး ကိစ္စကိုကူဖို့ ဘာညာဆိုပြီးတော့ စုဆောင်းတာတွေက ရှိတယ်။ နေရာဒေသ တော်တော်များများမှာ ဖြစ်ပါ တယ်။ ကျမတို့ ရှမ်းပြည်နယ်ထဲမှာ ဆိုလို့ရှိရင်လည်း ဥပမာအားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွေမှာ ဆိုလို့ရှိ ရင်လည်း အများကြီးပဲ အမျိုးသမီးတွေကနေမှ သူတို့ စစ်သားစုဆောင်းခြင်း ခံရတယ်။ အဲမှာက ဒါရှေ့တန်း တွေ သွားပြီးတော့ တိုက်တာ ခိုက်တာ မဟုတ်ဘဲနဲ့ အဲမှာ ရှေ့တန်းမှာ တစ်ခြားသော စစ်သားတွေရဲ့ ဝေယျာဝစ္စ ချက်ရေးပြုတ်ရေး အဲ့ဒါတွေ တာဝန်ယူ လုပ်ဆောင်ရတာတွေက အများကြီးပဲရှင့်” ဟု ပြောသည်။

စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းခံရသည့် အမျိုးသမီး အရေအတွက်ကို အတိအကျ မသိရသော်လည်း အမျိုး သမီးများ စစ်မှုထမ်းရန် စုဆောင်းခံနေရသည်မှာ မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည်ဟု နန်းမို့မို့ က ဆက် ပြောသည်။

“တော်တော်များများ ဖြစ်တယ်။ အထူးသဖြင့် ကျမတို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ပြီးလို့ရှိရင် တော်လှန်ရေး အစိုးရတွေ တော်လှန်ရေး အင်အားစုတွေ မထိန်းချုပ်နိုင်တဲ့ အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ မအုပ် ချုပ်နိုင်တဲ့ နေရာဒေသတွေမှာ ဆိုရင် ဒါတွေက ဖြစ်နေတာပဲ။ အခုနက ကျမပြောသလို ရှမ်းပြည်နယ်တောင် ပိုင်းမှာ ဖြစ်နေတာတွေ အများကြီးပဲ။ ဟိုး ရန်ကုန်၊ မန္တလေးလိုဟာမျိုးလည်း ကျမတို့ ကြားနေရတာတွေရှိ တယ် ပေါ့နော။ ဥပမာ သွားရင်းနဲ့ Bus ကားပေါ်မှာပဲ အမျိုးသမီးတွေရော အမျိုးသားတွေရော အကုန်လုံးခေါ် သွားတာ မျိုးတော့ ဒီမျိုးတွေကတော့ အများကြီး နေရာတွေက ဒေသအနှံ့ပါပဲ။”

စစ်အာဏာ သိမ်းပြီးနောက် ယခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက သတ်မှတ်ထား သော အသက်ရွယ်အလိုက် နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရဆိုသည့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးများ ကိုပါ အပတ်စဉ် ၅ မှ စတင်၍ ခေါ်ဆောင်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် စုဆောင်း မှုများကို လုပ်လာခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမျိုးသမီးအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများက ပြောသည်။

မွန်ပြည် လူ့အခွင့်ရေး ဖောင်ဒေးရှင်း တာဝန်ရှိသူ နိုင်အဲမွန်က “ကျနော်တို့ကြားတာ ဒီတစ်လခွဲ နှစ်လ ပတ်ဝန်း ကျင်ပဲ ပြီးခဲ့တဲ့ ဇူလိုင်အစလေးမှာ အချက်အလက်တွေ စပြီးတော့ ရတယ်။ ကျနော်တို့ ဇူလိုင် First week မှာ ကျနော်တို့ ပထမဦးဆုံး နှစ်မှု၊ သုံးမှု ရတယ်။ သံဖြူဇရပ် နဲ့ ပေါင် နောက်ပြီးတော့ တစ်ချို့ဆိုလို့ရှိရင် ဘီးလင်း မှာရှိတဲ့ တစ်ချို့နယ်မြေတွေမှာ အမျိုးသမီးတွေကို စာရင်းကောက်တာ ဇူလိုင် second week ပြီးလို့ရှိရင် အခုဆိုရင် ဒီသံလွင် အရှေ့ခြမ်းဘက်ကို ရောက်လာတယ် တဖြည်းဖြည်းနဲ့ ရောက်လာတယ်” ဟု ပြောသည်။  

စာရင်းကောက်ခံရာတွင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနက တာဝန်ရှိသူများ အပါအဝင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး စသည့် ဌာနများမှ တာဝန်ရှိသူများက အိမ်ထောင်စု စာရင်းကောက်ယူပြီး စစ်မှုထမ်းရန် အသက်ပြည့်သည့် လူငယ်များအား စိစစ်စစ်ဆေးမှုများ တင်းကြပ်စွာ ဖိအားပေးလုပ်ဆောင်နေသည် ဟု နိုင်အဲမွန် က ဆိုသည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ စစ်တမ်းကောက်ယူ ရရှိမှုများအရ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ် မြောက်ပိုင်း၊ ကျိုက်မရော၊ ဘားအံ၊ ဘီးလင်း၊ ပေါင်မြို့နယ်နှင့် ထားဝယ်ဘက်တွင်လည်း လောင်းလုံးနှင့် ရေဖြူမြို့နယ်ထဲတွင် နေထိုင်သည့် အမျိုးသမီးများအား စစ်မှုထမ်းရန် စာရင်းများ ကောက်ယူနေသည်ဟု ဆို သည်။

Most read this week

September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...