သဘာဝဘေးအန္တရာယ်ကျရောက်ရာ အရပ်များသို့ သတင်းသမားများလွတ်လပ်စွာ သတင်းရယူခွင့်ရရေး IPCM တောင်းဆို

သဘာဝဘေးအန္တရာယ်ကျရောက်ရာ အရပ်များသို့ သတင်းသမားများလွတ်လပ်စွာ သတင်းရယူခွင့်ရရေး IPCM တောင်းဆို

မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့ သတင်းသမားများ လွတ်လပ်စွာဝင်ရောက်သတင်းယူနိုင်ခွင့်ရရေး စစ်ကောင်စီအနေဖြင့် ခွင့်ပြုပေးရန်လိုကြောင်း လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ-IPCM က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုသည်။

ရေဘေးကြောင့် နောက်ဆက်တွဲအန္တရာယ်များ ကျရောက်နေချိန်နှင့် ကျရောက်ပြီးကာလများတွင် သတင်းမီဒီယာသမားများအနေဖြင့် အမှန်တကယ် မြေပြင်၌ဖြစ်ပွားနေသည့် သတင်းအချက်အ လက်များကို လွတ်လပ်စွာရယူပေးပို့နိုင်ခွင့်ရခြင်းသည် ကူညီကယ်ဆယ်ရေးအတွက် ပိုမိုကောင်းမွန်နိုင် သလို လူထုအသက်အိုးအိမ်ပျက်စီးမှုမှ လျော့နည်းစေမည်ဟု IPCM က ပြောသည်။

ထို့ကြောင့် အများနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကျ ရောက်သည့်နေရာများသို့ သတင်းသမားများ လွတ်လပ်စွာသွားရောက် သတင်းယူနိုင်ခွင့်ရရေး စစ်ကောင်စီအနေဖြင့်ခွင့်ပြုရန် IPCM က တောင်းဆိုထားသည်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အခုက တကယ့်မြေပြင်မှာဘာဖြစ်နေလဲမသိရဘူး။ အဲဒီထဲမှာ ကရင်၊ ကရင်နီလိုမျိုး Sensitive(ထိလွယ်ရှလွယ်) ဖြစ်တဲ့နယ်မြေတွေအများကြီးပါတယ်။ ပြီးတော့ စစ်ရေးကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေဖြတ်ထားတာရှိတယ်။ မြေပြင်အခြေ အနေမှန်ကိုသိရင်တော့ လူ့အသက်ကိုအများကြီးကယ်နိုင်တာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်နေသည့်နေရာများတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ် တောက်ထားမှုကြောင့် အသက်ဘေးတွေ့ကြုံနေရသူများမှ အကူအညီမတောင်းခံနိုင်တော့ဘဲ အသက်ဆုံးရှုံးနစ်နာမှုများ ဖြစ်စေ၍ ဆက်သွယ်ရေးဖြတ်တောက်ခြင်းမပြုလုပ်ရန်လည်း IPCM က စစ်ကောင်စီကို တောင်းဆိုထားသည်။

“အထက်မှာပြောသွားတဲ့ Sensitive ဖြစ်တဲ့ နေရာတွေမှာသာ သတင်းသမားတွေရှိမယ်။ နည်းမှန် လမ်းမှန် ဆက်သွယ်ရေးလမ်းကြောင်း စီးဆင်းမှုရှိမယ်ဆိုရင် အသက်တွေအများကြီးကယ်နိုင်မယ်။ ဒါကြောင့် ဒီဟာတွေကိုပြန်ဖွင့်ပေးဖို့ လိုအပ်တဲ့ကယ်ဆယ်ရေးရော၊ သတင်းသမားတွေအတွက် Access (ဝင်ခွင့်) တွေရော ပေးပါလို့ ပြောရတာဖြစ်တယ်” ဟု ဦးတိုးဇော်လတ်က ဖြည့်စွက်ပြောသည်။

ထို့အတူ စစ်ကောင်စီအနေဖြင့် သတင်းမီဒီယာလိုင်စင်များ ရုပ်သိမ်းခြင်း၊ သတင်းသမားများ၏ နေအိမ်များကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီးအရေးယူခြင်းတို့ လုပ်ဆောင်လာသောကြောင့် သတင်းမီဒီ ယာများ ပြည်တွင်းမှစွန့်ခွာခဲ့ရသလို ယခုလိုကာလမျိုးတွင် သတင်းမီဒီယာအလုပ်ကို မလုပ်ဆောင်နိုင် တော့သဖြင့် ထိုလုပ်ရပ်များကို ရပ်တန့်၍ သတင်းသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း IPCM က ဖော်ပြသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ မွန်၊ ကရင်၊ ကရင်နီ(ကယား)နှင့် ရှမ်းပြည် နယ်မှ ပြည်သူများ ရေဘေးဒုက္ခနှင့်ရင်ဆိုင်တွေ့ကြုံနေရသော်လည်း သက်ဆိုင်ရာဒေသအလိုက် ရေဘေးမဖြစ်ပွားခင် ကြိုတင်အသိပေးချက်၊ လုပ်ဆောင်မှုအားနည်းချက်တို့ကြောင့် ပြည်သူလူထု အသက်အိုးအိမ်ဆုံးရှုံးမှု ပိုမိုဖြစ်ပွားရကြောင်း IPCM က ထုတ်ပြန်ချက်တွင် ဆိုသည်။

IPCM ၏ ထုတ်ပြန်ချက်အတိုင်း မြေပြင်တွင်လည်း စစ်ကောင်စီဘက်မှ အသိပေးနှိုးဆော်မှု အားနည်း ရုံသာမက ရေဘေးသင့်ပြည်သူများအတွက် ယနေ့အချိန်ထိ သိသာသော ကူညီကယ်ဆယ်မှုများ မလုပ် ဆောင်နိုင်သလို တချို့ဒေသတွင် စစ်ဆေး တားမြစ်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအချို့ အခက်တွေ့နေရသည်ဟု လူမှုကူညီနေသူ ဒေသခံနှင့် အရပ်ဖက်အဖွဲ့အချို့မှ သိရသည်။

September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...
September 18, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို...
September 18, 2024
မြန်မာပြည်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံတွေ့နေရသည့် မြန်မာပြည်သူများကို နိုင်ငံ...
September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...