စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲမှု ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူလည်း ရှိနေ

စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲမှု ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူလည်း ရှိနေ

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာကို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၉မိနစ်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ည  ည ၉နာရီ ၉မိနစ်လို့ပြောကြတာပေါ့။ ပထမတစ်ကြိမ် လေယာဉ်လာတယ်မီးပိတ်တယ် ။ ဒါပေမယ့် ဘားမဖြစ်ဘူး ထင်ပြီး မီးပြန်ဖွင့်တယ်။ ဒုတိယတစ်ကြိမ်ကြတော့ လေယာဉ်နဲ့လာကြဲသွားတာပေါ့ ပေါင်၅၀၀ဗုံးနဲ့။ နေအိမ်လည်း တော်တော်များများပျက်စီးသွားတယ်။ သေဆုံးတဲ့အလောင်းကတော့ ၈ယောက်တွေ့ပြီ။ ပျောက်နေတာလည်းရှိသေးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်။ ဘာလို့ဆို စစ်ရှောင်စခန်းက သိတဲ့အတိုင်း တဲအိမ်တွေက ကပ်လျက်ပဲလေ လူဦးရေလည်းများတော့ ထိခိုက်မှုများတယ်။” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲ ကျောင်းတက်နေတဲ့ ကလေးအရွယ် ၆ ဦး အထိ ရှိပြီး အသက် ၄၀ အထက် အမျိုးသမီးနှစ်ဦးပါဝင်တယ်လို့ ကနဦး သိရပါတယ်။ ပျေက်ဆုံးနေဆဲ ရှိသလို အရပ်သားထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းက နေအိမ် ၂၀ လုံးထက်မနည်းလည်း ပျက်စီးသွားခဲ့ပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်း နဲ့ အနီးအနားကို ယခင်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၇ ကြိမ် ရှိခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ လူသေဆုံးမှုနဲ့ ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ သက်ကြီးရွယ်အို နဲ့ ကျောင်းနေအရွယ် ကလေးတွေ ခိုလှုံနေထိုင်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ၊ ၅ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေဖြစ်ပြီး အရပ်သားရှိရာနေရာတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်

Most read this week

September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...
September 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ...