၅/နဲ့ ၈/မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ကျေးရွာထောက်ခံစာပါမှသာ အင်းတော်ကြီးဒေသအတွင်းဝင်ရောက်နိုင်လို့ဆို

၅/နဲ့ ၈/မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ကျေးရွာထောက်ခံစာပါမှသာ အင်းတော်ကြီးဒေသအတွင်းဝင်ရောက်နိုင်လို့ဆို

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းကို  ဝင်ရောက်လိုတဲ့   ၅/ နဲ့ ၈/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဟာ အင်းတော်ကြီးဒေသရဲ့ ကျေးရွာထောက်ခံစာပါမှသာ နန့်မွန်းပြည်သူ့စစ်များက ဒေသထဲဝင်ခွင့်ပေးတယ်လို့ သိရပါတယ်။

“ ၅/၊ ၈/တွေဆိုရင် မှတ်ပုံတင်ပါရင်တောင်မှ ရွာရဲ့ထောက်ခံစာပါမှ ဒီမှာနေထိုင်ကြောင်းထောက်ခံစာပါမှ ဝင်ခွင့်ရတာ ကောလင်းနယ်ဘက်တွေပေါ့ အေ့ဘက်တွေကလာတဲ့သူ အေ့မျဉ်းစောင်းတွေကိုဆို မထင်ရင်မထင်သလိုခေါ်ထားလိုက်တော့တာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။

၅/ (စစ်ကိုင်းတိုင်း) နဲ့ ၈/ (မကွေးတိုင်း) မှတ်ပုံတင် ကိုင်ဆောင်သူတွေကို နေထိုင်ခွင့်ထောက်ခံစာမပါရင် ဖမ်းဆီးထားတာ ၊ စစ်မေးတာတွေကို အခုဩဂုတ်လအတွင်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသအဝင် နန့်မွန်းတောင်အဆင်းရှိ ခရစ်ယာန်ဘုရားကျောင်းရှေ့  ပြည်သူ့စစ်ဂိတ်က   အခုလိုစစ်ဆေးနေတာဖြစ်ပြီး  ဖြတ်သန်းသွားလာသူ အမျိုးသား၊ အမျိုးသမီး၊လူကြီး၊လူငယ်အားလုံးကို တစ်ဦးချင်းစီသေသေချာချာ အစစ်အဆေးတင်းကြပ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖြတ်သန်းသူမည်သူကိုမဆို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)မပါလျှင် ဝင်ခွင့်ထွက်ခွင့်ပေးခြင်းမရှိဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာ နန့်မွန်း-ဆနွင်းကုန်း ၊အင်းသာလမ်းဖြစ်တဲ့   အင်းတော်ကြီးအရှေ့ကမ်းလမ်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ (၄)ရက်ခန့်ရှိနေပြီဖြစ်ပြီး အင်းအနောက်ကမ်းက ညောင်ပင်ကျေးရွာတစ်လမ်းတည်းကိုသာ ဒေသခံများအသုံးပြုသွားလာနေရကြောင်း ဆိုပါတယ်။

“ဆနွင်းကုန်းသွားတဲ့ဘက်ဂိတ်က ပိတ်ထားတာ အဝင်အထွက်သွားလို့မရဘူး အေ့ဒီစစ်တပ်ဂိတ်ကပိတ်ထားတာလေ ရွာကတွေတောင်ဆနွင်းကုန်းဘက် အလုပ်ရှိလို့သွားမလို့ကို သွားခွင့်မပြုဘူးတဲ့ မိုင်းတွေဘာတွေထောင်ထားတာနေမှာ” ဟု သူမကဆက်ပြောပြပါတယ်။

ဆနွင်းကုန်းကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ နန့်မွန်းပြည်သူ့စစ်တပ်ဖွဲ့များကြား ဟိုဘက်ဒီဘက်အပြန်အလှန်ပစ်ခတ်မှု လက်နက်သံတွေကိုလည်း ရံဖန်ရံခါကြားနေရကြောင်း  နန့်မွန်းကျေးရွာသားများထံမှ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာ တစ်လကျော်ကြာမြင့်လာနေပြီပြီး သတင်းအချက်အလက်ရရှိဖို့လည်း အခက်အခဲဖြစ်နေပါတယ်။

အင်းတော်ကြီးဒေသ အရှေ့ကမ်းရှိကျေးရွာတချို့နဲ့  နဲ့ အင်းမြှီးကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ကျန်တဲ့နေရာမှာတော့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Most read this week

September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 5, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့...
September 4, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့...