ကယန်းအမျိုးသား တက္ကသိုလ် ဖွင့်တော့မည်

ကယန်းအမျိုးသား တက္ကသိုလ် ဖွင့်တော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်။ကယန်းအမျိုးသား ပညာရေး ကော်မတီ (KNEC) က ဦးဆောင်ဖွင့်လှစ်ထားသည့် ကယန်းအမျိုးသား တက္ကသိုလ် ကို အောက်တိုဘာလထဲတွင် စတင် ဖွင့်လှစ် သင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် ကယန်းအမျိုးသား တက္ကသိုလ်မှာ လူငယ်များအတွက် ပြန်လည်တည်ဆောက်ရေးနှင့် အနာ ဂတ် မျိုးဆက်သစ် ခေါင်းဆောင်များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ထားသည့်အတွက် ကယန်း လူမျိုးများ အပါ အဝင် အခြားဒေသက တိုင်းရင်းသားများလည်း လာရောက် ပညာသင်ယူ လေ့လာနိုင်သည်ဟု KNEC ဒု-ဒါရိုက်တာ ခွန်းအာနာတားရှိုနေဇာ ပြောသည်။

“လတ်တလောမှာ ကျနောတို့ CYLT လို့ခေါ်တဲ့ ဒီတက္ကသိုလ်ဝင်တန်း ချင်းမိုင် တက္ကသိုလ်ဝင်ခွင့် ရဖို့အတွက် စီစဉ်ပေးတဲ့ Program တစ်ခုပဲ run သေးပါတယ်ပေါ့နော်။ ကျန်တဲ့ Program တွေတော့ ဒီအောက်တိုဘာလ လောက်မှာ ကျနော်တို့စတင် ပြီးတော့မှ ဖွင့်လှစ်ဖို့ ရှိပါတယ်ပေါ့နော်။”ကယန်းအမျိုးသား တက္ကသိုလ် (KyNU) တွင် ဆရာအတတ်သင် ပညာရပ်၊ စိုက်ပျိုးရေး ပညာရပ်၊ ကျန်းမာရေး ပညာရပ်၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံ ပညာရပ်၊ ကွန်ပျူတာ ပညာရပ်၊ ကယန်းစာပေနှင့် ဘာသာစကား ပညာရပ် (၆) ခု ကို သင်ကြားပေးသွားမှာ ဖြစ်သည်။

ထို့အပြင် သဘာဝသိပ္ပံ ပညာရပ်များ၊ စီးပွားရေး ပညာရပ်များ၊ ဥပဒေ ပညာရပ်များ နှင့် မြို့ပြ တည်ဆောက် ခြင်းဆိုင်ရာ ပညာရပ်များကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ကယန်းအမျိုးသား ပညာရေး ကော်မတီ (KNEC) က ဆိုသည်။

ကယန်းအမျိုးသား တက္ကသိုလ်၌ တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများအတွက် အချက်အလက် များနှင့် ဝင်ခွင့်ကိစ္စရပ်များကို KNEC ၏ Facebook လူမှုကွန်ရက်ရက် စာမျက်နှာမှ တစ်ဆင့် ကြေညာ ပေးသွားမည်ဟု ဆိုသည်။

ကျောင်းသား လက်ခံသည့် လုပ်ငန်းစဉ်နှင့် ကျောင်းသားများ၏ အချက်အလက်များကို လက်ခံကာ အဆင့်ဆင့် စိစစ် ရွေးချယ်သွားမှာဖြစ်ပြီး လူတွေ့ အင်တာဗျူး ပြုလုပ်ခြင်းတို့ကိုလည်း လုပ်သွားမည်ဟု KNEC ဒု-ဒါရိုက်တာ က ပြောသည်။

ကယန်းအမျိုးသား တက္ကသိုလ်၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်တမ်းများကို ပြင်ဆင်ရေးဆွဲနေသည့် အခြေအနေ များနှင့် ပတ်သက်၍လည်း ခွန်းအာနာတားရှိုနေဇာ က ယခုကဲ့သို့ ဆက်ပြောသည်။

“အဓိက ညှိနိုင်းဆောင်ရွက်ပေး အကြံပေးတာကတော့ Cirtical thinking foundation က ဒေါက်တာ သိန်းလွင်နဲ့ ကျနော်တို့ ချိတ်ဆက် ပြီးတော့မှ ကျနော်တို့ သင်ရိုးညွှန်းတမ်းတွေကို စနစ်တကျ ပြင်ဆင်ရေးသားတာ ရှိပါ တယ်။ တစ်ချို့မိတ်ဖက် တက္ကသိုလ်တွေနဲ့လည်း ကျနော်တို့က ချိတ်ဆက်ပြီးတော့မှ သိတတ်ပညာရှင်တွေ ကျနော်တို့ ချိတ်ဆက် ပြီးတော့မှ ရေးဆွဲတာ ရှိပါတယ်။”

ယခု ဖွင့်လှစ်ရန် လုပ်နေကြသည့် ကယန်းအမျိုးသား တက္ကသိုလ်မှာ အဆောက်အအုံ မလုံလောက်ခြင်း၊ သင် ကြားရေး အတွက် သင်ထောက်ကူ ပစ္စည်းများ ဖြစ်သည့် ကွန်ပြူတာ လုံလောက်မှု မရှိခြင်းနှင့် နည်းပညာ အခက်အခဲများကြောင့် ဘာသာရပ် တစ်ခုစီကို လူဦးရေ အကန့်အသတ်နှင့်သာ လက်ခံသွားမည်ဟု ဆိုသည်။

ကယန်းအမျိုးသား တက္ကသိုလ်ဖွင့်ပွဲကို ဩဂုတ်လ ၆ ရက်နေ့က ကယန်းဒေသ တစ်နေရာတွင် ကယန်း အမျိုးသား ပညာရေး ကော်မတီက စီမံဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကယန်းအမျိုးသား တက္ကသိုလ်မှာ လက်ရှိတွင် ကျောင်းသားလူငယ်များ ချင်းမိုင်တက္ကသိုလ်၌ ဝင်ခွင့် ရရှိရေးအတွက် စီစဉ်ပေးသည့် Program တစ်ခုကို စတင်နေပြီး လာမည့် အောက်တိုဘာလထဲ၌ ကျန်ရှိနေသည့် ဘာသာရပ်များ၊ Program များ အားလုံးကို စတင်သွားမှာ ဖြစ်သည်ဟု KNEC က ပြောသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...