ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ ဆွေးနွေး

ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်တွေအတွက် စစ်ကောင်စီနဲ့ နိုင် ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်ပလက်ဖောင်းတွေကနေ သတင်းထုတ်ပြန်လာပါတယ်။

ဩဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်နေ့တို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံမှုမှာ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပထမနေ့ ဆွေးနွေးမှုမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပထမအကြိမ်တွေ့ဆုံခဲ့ချိန်က ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတဲ့အချက်တွေနဲ့ နှစ်ဘက်အဆိုပြုချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။

ဒုတိယနေ့မှာတော့ မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြည့်စွက်ချက်တွေနဲ့ ရွေးကောက်ပွဲကျင်းပရေးအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး ဘယ်အကြောင်းအရာ ဘယ်ပုဒ်မတွေကို ဆွေးနွေးခဲ့သလဲဆိုတာ စစ်ကောင်စီဘက်က ဒီကနေ့အထိ အသေးစိတ်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

အလားတူ ရွေးကောက်ပွဲကျင်းပရေးအပါအဝင် လုံံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း ဘယ် လိုတွေ လုပ်ဆောင်သွားမယ်ဆိုတာ စစ်ကောင်စီက အသေးစိတ်မထုတ်ပြန်ခဲ့ပါဘူး။

သံလွင်တိုင်းမ်အနေနဲ့ နှစ်ဘက်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့ အလှည့်ကျအလုပ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ၄ ကြိမ်ထက်မနည်း ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက် ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ဇွန် ၁၅ ရက် နေ့မှာ ထုတ်ပြောပြီးနောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီနဲ့ ပါတီအစုအဖွဲ့တို့ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ကြပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ထိုးစစ်တွေမှာ တပ်စခန်းတွေရှိတဲ့ မြို့ပေါင်း ၇၀ ကျော်ကို လက်လွှတ်ထားရပြီး လက်ရှိအချိန်ထိ နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်း‌ဒေသအပါအဝင် စစ် မျက်နှာများစွာ ရင်ဆိုင်နေရတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုနှစ်ကုန်လောက်မှာ နေပြည်တော်ကိုတောင် ခြိမ်း ခြောက်နိုင်တဲ့အနေအထားအောက်မှာ ရွေးကောက်ပွဲကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်တဲ့ အနေအ ထားမရှိဘူးလို့ သုံးသပ်ပါတယ်။

“၂၀၂၄ ခုနှစ် နှစ်ကုန်လောက်တဲ့အခြေအနေမှာ နေပြည်တော်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အနေ အထားတွေ ရှိနေတဲ့အောက်မှာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီကျပြီး လွတ်လပ်တဲ့ နိုင်ငံရေးအင် အားစုတွေနဲ့ ဒီမိုကရေစီကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားလုံးဝမရှိပါဘူး။အဲဒါကြောင့် ဒီရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာနိုင်စရာအကြောင်းမရှိဘူး။ ဒါပေမယ့် စစ်ကောင်စီကတော့ သူ့ရဲ့ မူလအစီအစဉ်အတိုင်းလုပ်ဖို့ စီစဉ်ထားတာပါ”လို့ ဆိုပါတယ်။

ဒါပေမယ့် အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် ဆက်စပ်ပတ်သက်နေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုတာတွေ ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

နိုင်ငံရေးပါတီများအစုအဖွဲ့ကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီတွေထဲက ရွေးချယ်ထားတဲ့ အလုပ်အဖွဲ့ ၁၆ ပါတီက ကိုယ်စားလှယ်တွေနဲ့ မေလမှာ ပြန်လည်စုဖွဲ့ခဲ့တာပါ။

အစုအဖွဲ့ကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ပါတီ PP ၊ ရခိုင့်ဦး ဆောင်ပါတီ AFP နဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ခေါင်းဆောင် လေးဦးက အလှည့်ကျ ဦးဆောင်တာ ဖြစ်ပါတယ်။

September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...
September 11, 2024
မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်...
September 10, 2024
စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ...