ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခ ဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ထောက်ပြ

ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခ ဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ထောက်ပြ

ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့်ပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက် သင့်သည်ဟု ချင်းလူထုစစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောကြောင်း Chin Civic Movement – CCM က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်က “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု၏ သဘောထားအမြင် စစ်တမ်း တွေ့ရှိ ချက်များ”အပေါ် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement တာဝန်ရှိသူများက ပြောဆိုခြင်းဖြစ်သည်။

“ ဘယ်အချိန်မှာ ချင်းပဋိပက္ခကို ဖြေရှင်းသင့်လဲလို့ ကျမတို့ မေးတဲ့အခါမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းကို ဆောင်ရွက်သင့်တယ် ပေါ့နော်။ အဲလိုဖြေဆိုထားတယ်။ ၅ ရာခိုင်နှုန်းက မြို့သိမ်းတိုက်ပွဲပြီးမှ ဆောင်ရွက်ရန်လို့ဖြေဆိုတာတွေလည်း ရှိသလို ချင်းပြည် နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဖြေတာလည်း တွေ့ရှိရပါတယ်။ ဒီမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းဆောင် ရွက်ဖို့ လိုမယ်ဆိုပြီးတော့ ဖြေထားတာတွေကို အဓိက တင်ပြချင်ပါတယ်” ဟု CCM အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mai Mawite က ပြောသည်။  

ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင်အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative - CMI ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဟု သတင်းများထွက်အပြီးမှာ CCM ကလည်း ချင်းလူထုသဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅ ဝန်းကျင်မှ ဖြေဆိုထားသူ ၁၀၁၀ ဦး ရှိပြီး ချင်းလူထုအသံကို ကိုယ်စားပြုသည့် စစ်တမ်းတစ်ခုဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီ အင်အားစုများနှင့် ချင်းညီနောင်အဖွဲ့တို့ကြား ပဋိပက္ခကို စစ်တမ်းဖြေဆိုသူ ၉၈ ရာခိုင်နှုန်းက သတိပြုသိထားကြောင်း CCM တာဝန်ရှိသူများက ပြောသည်။  

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်း အချင်းချင်းကြား ပဋိပက္ခကို ဖြစ်စေကြောင်း ချင်းလူထုစစ်တမ်းတွင် တွေ့ရှိရသည်။

ချင်းအချင်းချင်းကြား ပဋိပက္ခများကြောင့် တော်လှန်ရေး ရည်မှန်းချက်ပြည့်ရေးကို နှောင့်နှေးစေနိုင်သည်ဟု စစ်တမ်းဖြေဆိုသူ ၆၀ ရာခိုင်နှုန်းကျော်က သတိပေးထားပြီး (၅၇ )ရာခိုင်နှုန်းက ချင်းလူမျိုးစုအချင်းချင်းအကြား မျိုးရိုးစဉ်ဆက် အမုန်းတရား ပြန့်ပွားတည်ရှိ စေနိုင်ကြောင်း ဖြေဆိုထားကြသည်ဟု စစ်တမ်းအရ သိရသည်။

ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဘက်နှစ်ဘက်စလုံးက ခေါင်းဆောင်များ စားပွဲဝိုင်းတွင် ပွင့်လင်းစွာ ဆွေးနွေးရန်၊ နှစ်ဖက်စလုံး အပစ်အခတ် ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းလူထုက လိုလားလျက်ရှိသည်။

မြို့သိမ်းတိုက်ပွဲများအပြီး နေရပ်ပြန်လည်အခြေချရန် မဖြစ်နိုင်မည်ကို စစ်တမ်းဖြေဆိုသူ ချင်းလူထု ၈၅ ရာခိုင်နှုန်းက စိုးရိမ် နေကြသကဲ့သို့ ချင်းအဖွဲ့များအကြား ညှိနှိုင်းမရဘဲ အချင်းချင်းကြား တိုက်ပွဲရှည်ကြာမည်ကိုလည်း စိုးရိမ်နေကြသည်။

ချင်းလူထု စစ်တမ်းကို ပြည်တွင်းပြည်ပတွင် ရောက်ရှိနေကြသည့် ချင်းပြည်သူများက Google Form ကို အသုံးပြု၍ လူမှု ကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေဖြေဆိုခြင်း၊ အင်တာနက်ခက်ခဲသည့် ချင်းပြည်အတွင်း လူထုအသံကို ရရှိရန် CCM အဖွဲ့ဝင် လူမှုကွန်ယက်နှင့် မြေပြင်အချိတ်အဆက်များဖြင့် ကောက်ယူခဲ့ကြသည်။

အနယ်နယ်အရပ်ရပ်က ချင်းလူမျိုး ဖြေဆိုသူ ၁၀၀၀ ကျော်၏ သဘောထားကို ဖော်ပြနိုင်သောကြောင့် ချင်းလူထု၏ အမြင်သဘောထားတစ်ခုဖြစ်ကြောင်း CCM တာဝန်ရှိသူများကပြောသည်။

စစ်တမ်းအပြည်အစုံကို ချင်းပြည်ကောင်စီအင်အားစုများနှင့် ချင်းညီနောင်အဖွဲ့ အင်အားစုများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

September 13, 2024
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့...
September 10, 2024
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည် အဆင့်...
September 6, 2024
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက...