လူထု အခြေပြု စာသင်ကျောင်းများ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည်ဟု NUG ပြော

လူထု အခြေပြု စာသင်ကျောင်းများ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည်ဟု NUG ပြော

ကြားကာလ ပညာရေး လူထုအခြေပြု စာသင်ကျောင်းများ ဖွင့် လှစ်ရာ၌ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးများ အစုလိုက် အပြုံလိုက် သေဆုံး မှုများ ရှိခဲ့သည့်အတွက် လုံခြုံရေးပိုင်း ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေသည်ဟု NUG က ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပညာရေး ဝန်ကြီးဌာန၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ယူနစ်တို့က ဩဂုတ်လ ၁၄ ရက်နေ့မှာ လုပ်ခဲ့တဲ့ “ညီညွှတ်သော တော်လှန်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးဆီသို့” သတင်းစာ ရှင်းလင်းပွဲမှာ ပညာရေးကဏ္ဍထဲ စစ်ကောင်စီက ကျူးလွန်မှုတွေကို NUG ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူက ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အကြမ်းဖက် စစ်အုပ်စု ဟာဆိုရင် CDM မှာပါဝင်တာ Online ပညာရေးလုပ်ဆောင်တာ ပြစ်မှုအဖြစ် သတ် မှတ်ကာ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့ကို လူမဆန်စွာ ပြုမှုခြင်းတို့ ကို လုပ်ရုံသာ မကဘူး။ ကလေးသူငယ်တွေ ရှိမှန်းသိလျက်နဲ့ စာသင်ကျောင်း အမိုးပေါ် တည့်တည့်ကို ဝေဟင်မှ တိုက်ခိုက်တာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှူ ဖြစ်စဉ်တွေမှာ ကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရပါတယ်။”

စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် လေကြောင်းကနေ MI-35 နှစ်စီးနှင့် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်ကလည်း လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် လက်ယက်ကုန်းဖြစ်စဉ်၊ ၂၀၂၃ ခုနစ် ဧပြီလတွင် ဖြစ်ခဲ့သည့် ပဇီကြီးဖြစ်စဉ်၊ ၂၀၂၄ ခုနစ် ဇွန်လ ၁၅ ရက်နေ့တွင် ကျွန်းလှမြို့နယ်ရှိ စာသင်ကျောင်းများကို ဂျက်ဖိုက်တာ နှစ်စီးနှင့် လေကြောင်းကနေ တိုက်ခိုက်မှုဖြစ်စဉ်များမှာ ကလေးငယ်များ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည်ဟု တာဝန်ရှိသူက ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုရ ပညာရေးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန် ကလည်း မြေပြင်က အခြေအနေများ နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“လုံခြုံရေးကတော့ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ online မှာရော မြေပြင်မှာရော ကျမတို့ လုံခြုံ ရေးကို အမြဲမပြတ် သတိထားနေရတာ ဖြစ်ပါတယ်။ ကြားကာလမှာ ပညာသင်ကြားရေး ကိစ္စမှာ စစ်ကောင်စီ ဟာ ဆိုလို့ရှိရင် ကလေးတွေရဲ့ ကျောင်းတွေကိုမှ မညှာတာပေါ့နော လေယာဉ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင် တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ school safety program ကို အထူးတလည် ဝန်ကြီးဌာန ငါးခုပူးပေါင်းပြီးမှ ဆောင်ရွက်လျှက်ရှိတယ်။”

အမျိုးသားညီညွတ်ရေး အစိုးရ၏ ပညာရေး ဝန်ကြီးဌာန အနေဖြင့် စာသင်ကျောင်းများတွင် ဗုံခိုကျင်းတူးခြင်း၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကြိုတင် ကာကွယ်မှုဆိုင်ရာ အသိပညာပေး လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရှေးဦး သူနာပြုစုနည်း သင်တန်းပေးခြင်း စသည့် အစီအစဉ်များကို စာသင်ကျောင်းများတွင် လုပ်ဆောင်နေ သည်ဟု NUG ပညာရေးဌာန ဒုတိယဝန်ကြီးက ဆိုသည်။

အမျိုးသား ညီညွှတ်ရေးအစိုးရ NUG ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ပြုစုထားသည့် စာရင်းများအရ စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရသူ CDM ဆရာ/မများနှင့် ကျောင်းသူ/သားများမှာ စုစုပေါင်း ၄၉၁ ဦး ရှိခဲ့ပြီး ကျဆုံးကွယ်လွန်သွားသူများမှာ ၂၃၉ ဦး ရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် စာရင်းလက်ခံမရရှိဘဲ မတရား ဖမ်းဆီး၊ ကွယ်လွန်သွားသော CDM ဆရာ/မများနှင့် ကျောင်းသူ/သား များလည်း ရှိနေသည်ဟု NUG က ဆိုသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...