ဖားအံမြို့နယ်ရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ဖားအံမြို့နယ်ရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ဖားအံမြို့နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ အတွင်းရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဩဂုတ်လဒုတိယအပတ်အတွင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်လိုက် သည်ဟု မြေပြင်သတင်းအရင်းအမြစ်က အတည်ပြုပြောသည်။

အဆိုပါ ပြည်သူစစ်အဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော်လည်း ၎င်းတို့ အနေဖြင့် မိမိ ကိုယ်မိမိ ပြန်လည်ကာကွယ်ရန် အခြေအနေမပေးသည့်အတွက် ယခုလို လက်နက်ပြန်အပ်ခဲ့ခြင်း ဖြစ်သည်ဟု အခြေအနေသိထားသူ သတင်းရင်းမြစ်က ပြောသည်။

“ဒီလက်နက်တွေကို သူတို့ကိုင်ပေမယ့်လည်း သူတို့ကိုယ်သူတို့ ပြန်ကာကွယ်လို့မရဘူး။ တကယ်လို့ ဆက်ကိုင်ရင် သူတို့အတွက် အန္တရာယ်ပိုဖြစ်လာမယ်။ စစ်ကောင်စီဘက်က သူတို့ကို ကာကွယ်ပေးနိုင်ရင် ဒီလက်နက်တွေ ကိုင်မယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က အခုကာကွယ်မပေးနိုင်ဘူး။ လက်နက်တွေကိုင်ပေမယ့်လည်း သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့အတွက် ပြန်အပ်လိုက်တာလို့ အဲလိုပြောပြီး သွားအပ်လိုက်တာပါ” ဟု မြေပြင် သတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ်၊ အရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၁)နယ်မြေရှိ ကျေးရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အင်အား ၆၀ ဦးကျော်ရှိပြီး၊ ၎င်းတို့၏ လက်နက်များကို ဖားအံမြို့ရှိ အမှတ် (၁၅၁) လျှပ်/စစ် တပ်ခွဲအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လက်နက် ၆၀ လက်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ထံ လက်နက် ၄ လက် သွားအပ်ခဲ့သည်ဟု မြေပြင်အခြေအနေ သိထားသူတစ်ဦးက ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ကျုံခန၊ နို့လာ၊ ဖောကလော်၊ မယ်ကလော၊ နို့ဖာဒို့၊ တံတားဦး စသည့်ကျေးရွာ များရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံး လက်နက်ပြန်အပ်ကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်မဟုတ်ကြောင်းကိုလည်း နယ်မြေခံ KNLA ထံ ခံဝန်ကတိလက်မှတ်ထိုး အသိပေးခြင်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားနည်းလာသည့်အတွက် ဖားအံမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားကောင်းရန်ရည်ရွယ်ကာ လက်နက်တပ်ဆင် ပေးခြင်းနှင့် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များက တွေ့ဆုံပြီး ရိက္ခာထောက်ပံ့မှုများ ရှိကြောင်း သိရသည်။

September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...
September 13, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရက်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး...
September 12, 2024
လက်ရှိ ကြားကာလအတွင်း စစ်ကောင်စီက လိင်အကြမ်းဖတ်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားသည်ဟု အမျိုး...
September 12, 2024
လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး...