နမ့်ဆန်ကို ဗုံးကြဲ တိုက်ခိုက်၊ အရပ်သား တစ်ဦး သေဆုံး

နမ့်ဆန်ကို ဗုံးကြဲ တိုက်ခိုက်၊ အရပ်သား တစ်ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ် သားပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်က အရပ်သားများအား ဦးတည်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ည သန်းခေါင်အချိန်တွင် လေကြောင်း မှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ပြောသည်။

“အဲ့ဒါက ၁၂ ရက်နေ့ညကြီးမှာ လာကြဲသွားတာ။ ည ဘယ်နှစ်နာရီလဲဆိုတော့ ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာပေါ့ နော်။ လာကြဲတာတော့ ၃ ကြိမ်၊ ဗုံးက ၆ လုံးကြဲသွားတာပါ။ ကြဲသွားတာက လူနေရပ်ကွက်ထဲပဲလေ။ EPC ရုံးနေရာမှာ ကျတာလည်း ရှိတယ်။ အဲ့မှာပဲ လူသေသွားတာက EPC ရုံးနေရာမှာ ကျတဲ့အချိန် သေတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲသွားသည့် နမ့်ဆန်မြို့မှာ တအာင်းတပ် (PSLF/TNLA) က ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၁၁ နာရီ၊ ၃၁ မိနစ်အချိန်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၅၁ မိနစ်အချိန်တွင် တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်လာရောက်ပြီး ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

နမ့်ဆန်ဒေသခံ တစ်ဦးက “သူတို့ ဗုံးကြဲတဲ့အချိန်က အားလုံးအိပ်ချိန်လေ၊ ညသန်းခေါင်ဆိုတော့ အကုန်အိပ်နေ ကြပြီ။ အခုထိတာက EPC နားဆိုတော့ အဲ့နားပတ်ပတ်လည်က အိမ်တွေ ပျက်စီးတာရှိတယ်။ EPC ရုံးထဲက စက် တွေဘာတွေလည်း ပျက်စီးကုန်တယ်။ ဒီမှာက တိုက်ပွဲမှ မဖြစ်တာ၊ တိုက်ပွဲမရှိဘဲ လာကြဲတာဆိုတော့ တမင်သက်သက်ကို လာကြဲတယ်လို့ပဲ ပြောရမှာပဲနော်။ TNLA ထိန်းချုပ်ထားတဲ့ မြို့မို့လို့ ကြဲတယ်လို့ ပြောရ မယ်ဗျ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု မရှိသည့် မြို့ရွာများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ် များကို ဟန့်တားပေးရန် တအာင်းတပ်ဖွဲ့ TNLA အပါအဝင် ညီနောင်မဟာမိတ်များက တရုတ်နိုင်ငံနှင့် နိုင်ငံတကာထံ မကြာသေးမှီက ထုတ်ပြန်တောင်းဆိုထားသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အဆိုပါ ရုံးဝန်းအတွင်းရှိ အသက် ၃၀ နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးသွားပြီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များ ထိမှန်ပျက်စီးသွားသည့်အပြင် အနီးဝန်းကျင်ရှိ မြို့မ ဂိုဏ်းချုပ် ကျောင်းနှင့် ဒေသခံများ၏ နေအိမ်အဆောက်အအုံ ၅ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ သြဂုတ်လ (၆) ရက်နေ့ကလည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထဲ လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်လည်း မီးလောင်ပျက်စီး သွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...