ပင်လည်ဘူးမြို့မှာ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ပစ်ခံရကာ ထိခိုက်သေဆုံးသူရှိ

ပင်လည်ဘူးမြို့မှာ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ပစ်ခံရကာ ထိခိုက်သေဆုံးသူရှိ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဲ့ ထောက်ပို့ရဟတ်ယာဉ် MI-17 ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးလက်အောက်မှာရှိတဲ့  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့  ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

NUG  ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ တိုက်ခိုက်မှုကြောင့်  စစ်တပ်အရာရှိအပါအဝင် (၇) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ထောက်ပို့ရဟတ်ယာဥ် MI-17ကို မောင်းနှင်သည့်ရဟတ်ယာဥ်မှူးတစ်ဦး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆) ဦးတို့ ပါဝင်တယ်လို့ ဆိုထားပါတယ်။

ရှမ်းနီအသံရဲ့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ MI-17 ရဟက်ယာဉ်က လက်နက်ခဲယမ်းရိက္ခာများလာပို့ပြီး ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်သားများကို ပြန်သယ်ဖို့ ဆင်းသက်နေစဉ် ယာဉ်အမှီးပိုင်းကို တိုက်ခိုက်ခံခဲ့ရတာပါ။

လေယာဉ်တိုက်ခိုက်ခံရမှုကြောင့် ရဟက်ယာဉ်အမြီးပိုင်းမှာ မီးခိုးတွေများစွာထွက်လာပြီး  ပင်လည်ဘူးမြို့ကနေ ကန့်ဘလူမြို့ကို မောင်းနှင်ကာ အရေးပေါ်ဆင်းသက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာရရှိသူတွေကို  မန္တလေးတိုင်းဒေသကြီးဘက်ကို  ယာဉ်တန်းတွေနဲ့ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို NUG ၏  အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က တွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင်မှာလည်း  MI-17 ရဟက်ယာဉ်ဟာ ပင်လည်ဘူးမြို့ကိုဆင်းသက်စဉ်မှာ ပွိုင့် 5  စက်လက်နက်ဖြင့် ပစ်ခတ်ခံရမှုရှိခဲ့ပြီး လေယာဉ်အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့  သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပင်လည်ဘူးမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ကာလကြာရှည်စွာ ဖြတ်တောက်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Most read this week

September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 5, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့...
September 4, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့...