လားရှိုးသို့ လွတ်လပ်စွာ ဝင်ထွက် နိုင်ပြီ

လားရှိုးသို့ လွတ်လပ်စွာ ဝင်ထွက် နိုင်ပြီ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အား မည်သည့်လူမျိုး၊ မည်သည့် မှတ်ပုံတင် ကိုင်ဆောင်ထားသူမဆို လွတ် လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပြီဟု မြို့နေပြည်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများတွင် မြို့ကိုသိမ်းယူထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ဩဂုတ်လ ၇ ရက်နေ့၊ နံနက်ပိုင်း အချိန်ရောက်မှ ပြည်သူများအား ဝင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

လားရှိုးမြို့သို့ ပစ္စည်းပြန်ယူသူ တစ်ဦးက “ဗမာ မဝင်ရဘူး ဘယ်သူပြောလဲ။ ဒီနေ့ ပြန်တဲ့လူများလို့ ကားတောင် ပိတ်တယ်။ တော်တော်များများက ပစ္စည်း ပြန်ယူကြတာ။ ဒီလကုန်ပြီးမှ နေလို့ရမရ အကြောင်းပြန်မယ်လို့ ကြားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း လားရှိုးမြို့သို့ ၁၃/လရန(နိုင်) မှတ်ပုံတင်များကိုသာ ဝင်ခွင့်ပြုပြီး ဗမာတိုင်းရင်း သား လက်မခံ ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသော်လည်း ရှေ့တန်းမြေပြင် သတင်းအရင်း အမြစ်များက ယခုကဲသို့ ရှင်းပြသည်။

“မဝင်ရဘူး ဆိုတာက အဲ့တုန်းက နယ်မြေရှင်းနေလို့ပါ။ စစ်ကောင်စီတပ်သားတွေ ပုန်းနေတာကို လိုက်ဖမ်းရ တယ်။ မိုင်းရှင်းရတယ်။ အလောင်းတွေ သယ်ရတယ်။ မြို့သိမ်းပြီးတာနဲ့ ချက်ချင်း ပေးဝင်လိုက်ရင် ပြည်သူ တွေ အန္တရာယ် ဖြစ်မယ်။ အလောင်းတွေ မြင်ရင်လည်း အထိတ်တလန့် ဖြစ်နိုင်တယ် အဲဒါတွေကြောင့်ပါ။ ကျနော် တို့ဖက်က လူမျိုးခွဲခြားမှု မရှိပါဘူး။”

လားရှိုးမြို့အား ဝင်ခွင့်ပေးပြီဟု ဆိုသော်လည်း လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များကို စိုးရိမ်နေရ သဖြင့် အပြီးသတ် နေထိုင်ရန် မဖြစ်နိုင်သေးဘူးဟု ခေတ္တပစ္စည်း ပြန်သယ်နေသူများက ဆိုသည်။

MNDAA နှင့် နီးစပ်သူ တစ်ဦးက “မှတ်ပုံတင်လည်း မအပ်ရတော့ဘူး။ အချိန်လည်း သတ်မှတ် မထားတော့ဘူး။ စိတ်ကြိုက်ပဲဗျ။ ဒါပေမယ့် စစ်တပ်ထောက်ခံသူတွေ၊ မိသားစုဝင်တွေ ဆိုရင်တော့ ခဏစောင့်ကြည့်တာ ကောင်းတယ်။ အဲ့အပိုင်းက နည်းနည်း ပြဿနာ ရှိတယ်” ဟု ပြောသည်။

လားရှိုးမြို့တွင် တိုက်ပွဲငြိမ်သက်နေသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်ပြီး ထိုရက်ပိုင်းများအတွင်း MNDAA က မြို့နေ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့တွင်း စည်ပင်သာယာရေး ကဏ္ဍများ ဆောင်ရွက်ခဲ့သည်ဟု ဆိုကြ သည်။

လာမည့် ရက်ပိုင်းများတွင်လည်း လားရှိုးမြို့တွင်း၌ MNAA က တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စသည့် ကဏ္ဍများအား ဆက်လက် ဖော်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...