အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာက အလေးထားဆွေးနွေးလာကြောင်း NUG ပြော

အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာက အလေးထားဆွေးနွေးလာကြောင်း NUG ပြော

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်။စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်မြေ အများအပြားကို တိုက်ခိုက်သိမ်း ယူလာနိုင်သည့်နောက် နိုင်ငံတကာ မှ အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုများကို အလေးပေး ဆွေးနွေးလာသည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် (၂၁/၂၀၂၄) အစိုးရ အဖွဲ့ အစည်းအဝေးတွင် NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျနော်တို့ ခုခံတော်လှန်စစ် စတင်ခဲ့စဥ်တုန်းက ဖြစ်နိုင် ပါ့မလားထင်ခဲ့ကြတဲ့ နိုင်ငံတကာကလည်း ခုဆိုရင် နိုင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရား မယိမ်း ယိုင် သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို ပိုမိုစိတ်ဝင်စားလာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကဏ္ဍတွေဘက်ကို အလေးပေး ဆွေးနွေးလာကြတာကို တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိ စစ်ရေး အောင်နိုင်မှုများသည် တိုင်းရင်းသား ဒေသများမှ စစ်ကောင်စီ ထိန်းချုပ်ထားသည့် တိုင်းဒေသ ကြီးများရှိ မြို့များအထိ ထိုးဖောက် ဝင်ရောက်လာသည့် နည်းတူ နိုင်ငံတကာဖက်ကလည်း အုပ်ချုပ်ရေး ဆိုင်ရာ အကောင်အထည် ဖော်မှုများတွင် ထိတွေ့ဆက်ဆံမှုများကို ပို၍ လုပ်ဆောင်လာသည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ် က ဆိုသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများ အရ NUG ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကြိုတင်ပြင်ဆင်မှုများကို ယခင်ကထက် ပိုပြီး လုပ်ဆောင်ကြရန် လိုသည်ဟု NUG ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဆက်ပြောသည်။

၎င်းက “ကျနော်တို့ အနေနဲ့လည်း စစ်‌ရေးလှိုင်းတွေဟာ မန္တလေးထိ ဆင်းလာနေပြီ ဖြစ်တဲ့အတွက် စစ်ရေး ကဏ္ဍနဲ့အတူ အုပ်ချုပ်ရေး ကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင် လုပ်ဆောင်စရာတွေ ပိုများလာပြီဖြစ်တဲ့ ကာလ လည်း ဖြစ်ပါတယ်။ စစ်ဆင်ရေး အခြေအနေတွေ၊ အနေအထားတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ ပြီး နယ်မြေဒေသအလိုက်မှာ ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနတွေ အနေနဲ့ ကြိုတင်ပြင်ဆင် မှသာ နယ်မြေစိုးမိုးမှုနဲ့ အတူ အုပ်ချုပ်ရေး ယန္တရား ထူထောင်မှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။

ထို့အပြင် စစ်ရေး အခြေအနေများနှင့် အုပ်ချုပ်ရေးထူထောင်မှု ကဏ္ဍများတွင် အားစိုက်စီမံဆောင်ရွက်ရင်း တစ်ဘက်တွင်လည်း နိုင်ငံရေး အခြေအနေ အလှုပ်အခတ်များကို သတိထားပြီး စောင့်ကြည့်ကြရမည့် အချိန် ဖြစ်သည်ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေး ၃ နှစ်ကျော် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အ စည်းများနှင့် အမျိုးသား ညီညွှတ်ရေး အစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကောင်စီ ထိန်းချုပ် စိုးမိုးထားသည့် မြို့များနှင့် ၎င်းတို့၏ တပ်စခန်း အများအပြားကို သိမ်းယူထားနိုင်ပြီး အုပ် ချုပ်ရေး ယန္တရား လည်ပတ်မှုများကိုလည်း စတင်နေပြီ ဖြစ်သည်။

လက်ရှိ အချိန်အထိ စစ်ကောင်စီထိန်းချုပ် စိုးမိုးထားသည့် ပြည်နယ်နှင့် တိုင်ဒေသကြီးများရှိ မြို့ပေါင်း ၇၀ ကျော် နှင့် စစ်စခန်း ကြီးငယ်ပေါင်း ၁၇၀ နီးပါးကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက် ထားသည်။

Most read this week

September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...