လွိုင်ကော်သို့ ပြန်လာရန် စစ်ရှောင်များအား စစ်ကောင်စီ ဖိတ်ခေါ်သော်လည်း နေ့စဉ် အိမ်မီးရှို့မှုများ ရှိနေဆဲ

လွိုင်ကော်သို့ ပြန်လာရန် စစ်ရှောင်များအား စစ်ကောင်စီ ဖိတ်ခေါ်သော်လည်း နေ့စဉ် အိမ်မီးရှို့မှုများ ရှိနေဆဲ

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ပြန်လည်နေထိုင်နိုင်ပြီဟု စစ်ကောင်စီတပ်က ပြောဆိုနေသော်လည်း အရပ် သား ပြည်သူများ၏ နေအိမ်များကို နေ့တိုင်း မီးရှို့ ဖျက်ဆီးနေသည်ဟု ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များ နှင့် ဒေသခံများက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်သည် အင်အားတိုးချဲ့မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင် ရင်း ပြည်သူများ၏ နေအိမ်များကို နေ့တိုင်း မီးရှို့ဖျက်ဆီးနေသည်ဟု ကရင်နီ တပ်မတော် (KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

၎င်းက “သူတို့ကတော့ လူထုကို ပြန်နေနိုင်အောင်လို့ ပြောသာပြောတာပဲ။ ဒါပေမဲ့ လူထု အိမ် မီးရှို့တာက ဆန့် ကျင်ဘက် ဖြစ်နေတယ်ပေါ့။ ပြည်သူလူထုလည်း ထင်ယောင် ထင်မှားဖြစ်အောင် နောက်ပြီးတော့ သူတို့ လွိုင် ကော် ထိန်းသိမ်းထားနိုင်ပါတယ် ဆိုတဲ့ သဘောနဲ့သူတို့ က တခြားမသိတဲ့လူတွေ နားမလည်တဲ့ သူတွေကို နား ယောင်ချတဲ့ သဘောဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးထားသည့် အခြေအနေများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ဘုန်းနိုင်က ယခုကဲ့သို့ ဆက်ပြောသည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က “အဲ့ဒီ မှိုင်းလုံးရပ်ကွက်မှာ တချို့ပါမယ်။ နောက်ပြီးတော့မှ မြကလပ်တောင်ဘက်မှာ လည်း တချို့ပါမယ်။ နောက်ပြီးတော့မှ နန့်ဘော်ဝမ် ရပ်ကွက် ၄ တွေ အဲ့ဒါလည်းပါမယ်။ သူတို့ ထွက်ထွက် ပြီး တော့ မီးရှို့တယ်လို့တော့ ပြောတယ်။ သူတို့ကတော့ အကုန်လုံး ဖျက်ဆီး နိုင်အောင်တော့ သူတို့ ဖျက်မှာပဲလေ” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ရှိ မှိုင်းလုံးရပ်ကွက်တွင် ဇွန်လ နောက်ဆုံးပတ်က စ၍ အင်းအားတိုးချဲ့ကာ စစ်ရေး လှုပ်ရှားမှုများ စတင်ခဲ့ပြီး  ဇူလိုင်လ ၁ ရက်နေ့ မှ ယနေ့အချိန်ထိ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ပြည်သူ နေ အိမ် အလုံးရေ ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို သိမ်းယူဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

လွိုင်ကော် မြို့ပေါ် ရပ်ကွက်တစ်ခုက ဒေသခံ တစ်ဦးက “လက်ရှိ စစ်ကောင်စီတွေ ကျနော်တို့ ပြည်သူနေအိမ် တွေကို သူတို့ရဲ မြင်ကွင်း နည်းနည်း ရှင်းအောင် ရှင်ထုတ်လိုက်တဲ့ ကိစ္စကတော့ ဒါကတော့ အကြမ်းဖက် တပ်က အကြမ်းဖက် အလုပ်လုပ်တာက သူတို့ လုပ်နေကျ လုပ်နေမြဲဘဲ ပေါ့နော။ ဒါပေမယ့် ဒါ စစ်ကောင်စီက လက်ရှိ အကြမ်းဖက် လုပ်ရပ်ကို သူတို့ တစ်စိုက်မတ်မတ် ဆက်သွားနေတာကိုပဲ အဓိကလို့ ကျနော်တော့ သုံးသပ် ချင် တယ်ပေါ့နော်။ ဘယ်တော့မှ ပြင်မှာ မဟုတ်သလို ပြင်သွားမယ့် အနေအထား အခြေအနေမျိုးလည်း ရှိမှာမဟုတ် ဘူးလို့ ကျနော် မြင်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်မှ ယခုကဲ့သို့ အရပ်သား နေအိမ်များကို မီးရှို့နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ် သည့် အတွက် လုံးဝ ရှုတ်ချသည်ဟု ကျေးလက်မြေ အဖွဲ့ ဒါရိုက်တာ မူစဲ က ပြောသည်။

“သူတို့ရဲ့လုပ်ရပ်က ဒါလုံးဝ လက်သင့်ခံလို့ မရဘူးပေါ့နော်။ ဘာလို့လဲဆို ပြည်သူက အနှစ် နှစ် အလ လ သွေးနဲ့ ချွေးနဲ့ ရင်းပြီးတော့မှ ပေါ့နော် မစားရက် မသောက်ရက် စုထားပြီးတော့မှ ဆောက်ထားတဲ့အိမ် ဖြစ်တယ်ပေါ့ လေ။ ဒီတော့ သူတို့ အခုလုပ်ရပ်က တကယ်ကိုပဲပေါ့နော လက်သင့်မခံဘူး။ ဒါ လူ့အခွင့်အ‌ရေး ချိုး‌ဖောက် မှု လည်း ဖြစ်တယ်ပေါ့နော။ ဒါကို ရှုတ်ချပါတယ်လို့ ပြောချင်ပါတယ်။”

လွိုင်ကော်မြို့ပေါ် တွင် တစ်လေးလုံး စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အချိန်ထိ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော် နည်းပညာ တက္ကသိုလ် နှင့် မြကလပ်တောင်တို့တွင် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ် ကောင်စီတပ်တို့ အကြား တိုက်ပွဲများ နေ့စဉ် ဆက်လက်ဖြစ်ပွားနေသည်ဟု ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးနှိပ် စက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ ပြုလုပ်ခြင်း၊ အရပ်သားများ နေထိုင်သည့် ရပ်ကွက်များအတွင်းသို့ လက် နက်ကြီး ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဆက်လက် ကျူးလွန်နေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

Most read this week

September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...