သရက်အကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦး အချိန်မီ ဆေးကုသခွင့်မရပဲ သေဆုံး

သရက်အကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦး အချိန်မီ ဆေးကုသခွင့်မရပဲ သေဆုံး

မကွေးတိုင်း၊ သရက်မြို့ အကျဉ်းထောင်တွင် အချိန်မီ ဆေးကုသခွင့် မရသဖြင့် နိုင်ငံရေး အကျဉ်းသား တစ်ဦး ကျဆုံးခဲ့သည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

သွေးတိုးရောဂါ ခံစားနေရသည့် အသက် ၃၉ နှစ်အရွယ် နိုင်ကျဉ်း ကိုညီညီ ဆိုသူမှာ ဇူလိုင်လ ၂၆ ရက်နေ့၊ ည ၁၂ နာရီ မတိုင်ခင်အထိ သွေးတိုးရောဂါ ခံစားနေရသော်လည်း ထောင်အာဏာပိုင်များမှာ အချိန်မီ ဆေးရုံသို့ မပို့ ဆောင်ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင် ကော် မတီဝင် ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ပြောသည်။

“နိုင်ကျဉ်း အပါအဝင် အကျဉ်းသားတွေက ကိုညီညီကို ဆေးကုသခွင့် ပေးဖို့အတွက် အကူအညီ တောင်းခံကြ တယ်။ အဲ့လိုအချိန်မှာ ၁ နာရီခွဲလောက်ကြာမှ အကျဉ်းသားထဲက ဆေးမှူးကို ခေါ်လာပြီးတော့ ရောဂါကို စစ် ခိုင်းတယ်ပေါ့။ အဲဒီအချိန်မှာ အပေါ်သွေးက ၂၄၀ လောက်အထိကို ဖြစ်နေပြီပေါ့နော်။ အဲဒီ အခြေအနေက ဆေးမှူးလည်း ဘာမှမတတ်နိုင်ဘူး။ ဆေးမှူးကလည်း သူမနိုင်တဲ့ အခါမျိုးမှာ ပြင်ပဆေးရုံကို ပို့ပေးဖို့ တောင်း ဆိုတဲ့ အခါမှာလည်း ချက်ချင်းမပို့ဘူး။ အပြင်ထွက်ဖို့အတွက် ၁ နာရီခွဲ ဝန်းကျင်လောက် ကြာခဲ့တယ်ပေါ့။ အပြင်ကို ခေါ် ထုတ်တဲ့ အချိန်မှာ သွေးက အင်မတန် တိုးနေပြီ။ အပြင်ကို ထွက်တဲ့အချိန်မှာ ဆေးရုံတောင် မရောက်လိုက်ပဲနဲ့ အကျဉ်းထောင်ထဲမှာ ဆုံးသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။”

ကိုညီညီ ကျဆုံးမှုအား သရက်ထောင် အာဏာပိုင်များက ဖုံးကွယ်ထားသော်လည်း အတွင်းသတင်း အရင်း အမြစ်များမှ တဆင့် မီဒီယာများတွင် ဖော်ပြခဲ့သောကြောင့် သရက်ထောင်တွင်းရှိ နိုင်ကျဉ်းများမှာ အရိုက်ခံခဲ့ရ သည်ဟု သရက်မြို့ အကျဉ်းထောင်ရှိ အကျဉ်းသားများ အရေး စောင့်ကြည့်နေသူများက ပြောသည်။

သရက်မြို့ အကျဉ်းထောင်တွင် ထောင်ဆရာဝန် ငြိမ်းချမ်း ဆိုသူ တာဝန်ထမ်းဆောင်လျက် ရှိပြီး ကိုညီညီ နေထိုင် သည့် အဆောင်အား အဆောင်မှူး နိုင်လင်း ဆိုသူက အုပ်ချုပ်၍ ထောင်ပိုင် ညွှန့်ဘိုဝင်းက ဦးဆောင် ကွပ်ကဲ သည်။

“ရှေးဦးသူနာပြုစုနည်း ဆိုတာလည်း သွေးတိုးတာ ဖြစ်တဲ့အတွက် အဲမှာ ရှိတဲ့ ဆေးမှူးဆိုတာလည်း ဆေးထိုး အပ်တို့ ဆေးတို့ဆိုတာ ပါလာတာ မဟုတ်ဘူး။ သွေးပေါင်ချိန် တိုင်းတဲ့စက်နဲ့ ထောင်မှာလည်း ပါရာပဲရှိတော့ တချို့ ဆေးဝါးလောက်ပဲ ယူဆောင်လာနိုင်တာမျိုး ပေါ့နော်။ အဲတော့ သွေးတိုးနေတဲ့ လူတစ်ယောက်ကို ကုသဖို့ အတွက် စနစ်တကျ ကုသရမယ့် ပစ္စည်းတွေလည်း ပါမလာတာမျိုးပေါ့နော်။ ဒါကြောင့်မို့လည်း ပြုစုနေတာ တစ်နာရီလောက် ကြာတဲ့အထိ ရောဂါဝေဒနာ ခံစားနေရတဲ့သူက အပြင်ကို မရောက် ဖြစ်တာပေါ့။ ဒီလိုအခြေ အနေတွေ ရှိခဲ့တယ်လို့ ပြောလို့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

သရက်မြို့က အကျဉ်းထောင် အပါအဝင် နိုင်ငံတဝှမ်းရှိ ထောင်များတွင် နိုင်ကျဉ်းများ အရေးပေါ် အခြေအနေ ကြုံတွေ့ရသည့် အချိန်တိုင်း ဆေးရုံသို့ အချိန်မီ မပို့ဆောင်ခြင်း၊ လုံလောက်သည့် ဆေးကုသခွင့် မရခြင်း၊ ငွေ ကြေးတတ်နိုင်သူများကိုသာ ဆေးရုံနေရာ ရောင်းစားခြင်း စသည့် လုပ်ရပ်များ ကျူးလွန်နေသဖြင့် နိုင်ကျဉ်းများ အား တစ်ဖက်လှည့်ဖြင့် သတ်ဖြတ်နေခြင်းမျိုး ဖြစ်သည်ဟု PPNM က ဆိုသည်။

သို့ဖြစ်၍ ထောင်တွင်း၌ ကြုံတွေ့ခဲ့ရသည့် မတရားသတ်ဖြတ်မှု၊ လုံလောက်သည့် ဆေးကုသခွင့် မရရှိမှု၊ ထောင် တွင်း ညှင်းပန်းနှိပ်စက်မှု  စသည့် အကြောင်းအရာများကြောင့် ကိုညီညီ အပါအဝင် အခြား နိုင်ကျဉ်းများ ‌ကျဆုံး ခဲ့မှုအား PPNM က မှတ်တမ်းတင်ထားပြီး လာမည့် ပြည်သူ့အစိုးရ ရွေးကောက်တင်မြောက်သည့် အချိန်တွင် တာဝန်ခံရမည်ဟု ထုတ်ပြန်ထားသည်။

Most read this week

September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...