စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ကျွန်းစုဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ကျွန်းစုဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကျွန်းစုဒေသ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀)ခန့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ (၇)ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီနေသူများက ပြောသည်။

တနင်္သာရီမြို့နယ်ရှိအတွင်းရှိ ကျွန်းစုဒေသဖြစ်သည့် လယ်သစ်ကျေးရွာနှင့် အနီးတဝိုက်သို့ ပြီးခဲ့သည့် ဇူလိုင် လ(၁၉)ရက်နေ့မှ စတင်ပြီး အင်အား(၂၀၀)ဝန်းကျင်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းမှ စစ် ကြောင်း ထိုးဝင် ရောက်လာသောကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီနေသူအမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာတွေဘက်ကို အဓိက စစ်ကြောင်းထိုးနေတာတွေရှိနေတယ်။ အခုထိပဲ။ အဲ့တော့ ဒေသခံတွေအနေနဲ့က တောတောင်ထဲကို မိုးရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်တပ်က ဝင်လာပြီးဆိုတာနဲ့ လမ်းပြပေါ့။ ပြောရမယ်ဆိုရင်လူသားဒိုင်းကာ သဘောမျိုးနဲ့ ဖမ်းဆီးတာဆိုတော့ ရွာသားတွေက ကြောက်ပြီးထွက်ပြေးကြ တာများတယ်။ မနေ့ကအထိကို လက်နက်ကြီး အသံတွေကြားနေရလို့ ဘယ်သူမှ မပြန်ရဲကြသေးဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် အဆိုပါ လယ်သစ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ၎င်းအနီးရှိ ကျေးရွာများဖြစ်သည့် ဘယ်သစ်ရွာ၊ ဝါရစ်ရွာ၊ မင်းဂုတ်ရွာ၊ မောင်းလှော်ရွာအပြင် ကျေးရွာခုနှစ်ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းအပြင် ထိုစစ်ကောင်စီ စစ်ကြောင်းနှင့် တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ(၂၁)ရက်နေ့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိကြောင်း အမည်မဖော်လို သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

၎င်းက “တိုက်ပွဲအခြေနေကတော့ တင်းမာနေတုန်းပါပဲ အခုချိန်ထိတော့။ နောက်ပြီးတော့ စစ်ကြောင်းထိုးနေတဲ့အချိန် ခမရ(၂၆၁)ကနေပြီးတော့လည်း ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်နေ တာတွေလည်း ရှိပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်မှုများ နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း(၆၀,၀၀၀)နီးပါးအထိရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်အများစုတွင် အမျိုးသမီးများပါဝင်နေသည့်အပြင် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် အဝတ်အစား အဓိကလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များအား အနီးကပ် ကူညီသူများက ပြောသည်။

Most read this week

September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...