ဟုမ္မလင်းမြို့ကစစ်ဘေးရှောင်များ ရေဘေးထပ်မံတိမ်းရှောင်နေရ

ဟုမ္မလင်းမြို့ကစစ်ဘေးရှောင်များ ရေဘေးထပ်မံတိမ်းရှောင်နေရ

ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေဟာ ယမန်နေ့ကစပြီး စိုးရိမ်ရေအမှတ်ထက် လေးပေကျော်မြင့်တက်လာခဲ့ပြီး မြို့တစ်ခုလုံးနီးပါး ရေဝင်ရောက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်.။

“ နည်းနည်းကုန်းပိုင်းကျတဲ့ဟာ လောက်ပဲကျန်မှာပအေး၊  ဟုမ္မလင်ပိုင်းရယ် နောင်ပကျစ်ရယ် ခိုပဲဝရယ် ကမ်းနားတစ်လျှောက်ကအကုန်လုံးဝင်တာပဲ  မှန်မော်ရယ် နားနုံးအိမ်တွေရောဝင်တာ။ ကွက်သစ် ၊ ဟုမ္မလင်းကွက်သစ်၊ နောင်ပကျစ်ဘောလုံးကွင်ရေ မြုပ်ပြီ။ လမ်းကြိုလမ်းကြားဆိုရင်ဒူးဆစ်လောက်ရှိသွားပြီ ကမ်းနားဆိုရင်ရေက ရင်ဘတ်လောက်ရှိတယ်။ အိမ်တွေ ကနေမရဘူး ပြောင်းရရွေ့ရတာအလုပ်ရှုပ်သွားပြီ” လို့ ဟုမ္မလင်းမြို့ပေါ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်အားလုံးနီးပါးမှာ ချင်းတွင်းမြစ်ရေ ဝင်ရောက်နေတာဖြစ်ပြီး ကုန်းမြင့်ပိုင်းကို ရွေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟုမ္မလင်းမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဟုမ္မလင်းကို တိမ်းရှောင်ခဲ့တဲ့ စစ်ဘေးရှောင်တွေဟာလည်း ရေဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်အဖွဲ့က ပြောပါတယ်။

“ အခုရွေ့ရပြောင်းရတာကတော့ ဒီမြစ်ကမ်းဘေးက အနိမ့်ပိုင်းမှာ နေတဲ့ရွာတွေပါ ။ တအားဆိုးဆိုးရွားရွားကြီးမဟုတ်ဘူး။ အခုလောလောဆယ်ကတော့ ၁၀၉ ဦးပြောင်းလာတာ။ မနေ့ကထိပေါ့၊ အခုဖြစ်တဲ့ဟာက စစ်ဘေးရှောင်းရင်း အခင်းမှာလာနေတဲ့ မြင်သာတို့ ငိုးပင်းတို့  နောင်ဆန်းကျင်တို့ ဒီဘက်က အုပ်စုတွေပေါ့လေ။ အဲ့ဘက်ဟာတွေ ။ စစ်ဘေးရှောင်ရင်းနဲ့မှ ရေဘေးထပ်ရှောင်ရတာပေါ့” လို့ ထိုကွန်ရက် ဦးဆောင်သူ တစ်ဦးက ပြောပါတယ်။

မြစ်ရေဆက်လက်မြင့်တက်လာနေဆဲဖြစ်ပြီး ထပ်မံမြင့်တက်လာပါက ပြောင်းရွေ့ရေးအတွက် ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်အဖွဲ့က ပြင်ဆင်မှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဥရုချောင်းရေဟာလည်းမြင့်တက်နေပြီး နောင်ပိုအောင်-ဟုမ္မလင်း အဓိကလမ်းမကြီးရေနစ်မြှုပ်ကာ သွားလာလို့မရတော့သလို ထိုနစ်ရွာလုံး ရေနစ်မြှုပ်နေတယ်လို့ သိရပါတယ်။

“ ဥရုချောင်းဘက်လည်းတက်နေတယ်။ နောင်ပူအောင်နမ့်တောလမ်းပိုင်းဆိုရင်တော့ လမ်းမကြီးအတိုင်းဆို အသုံးပြုလို့မရတော့ဘူးဗျ။ နမ့်တောရွာလည်းရေနစ်မြှုပ်နေပြီ။ နောင်ပူအောင်လည်း ရေတော့စဝင်နေပြီ။” လို့ သူကဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ချင်းတွင်းမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းဘေးရှိ ကျေးရွာတွေမှာ ရေနစ်မြှုပ်နေပြီး လာမယ့်ရက်ပိုင်းမှာလည်း ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇလက သတိပေးထားပါတယ်။

Most read this week

July 3, 2024
ဖားကန့်မြို့နယ်အတွင်းက ရေကြီးရေလျှံခဲ့မှုမှာ  ဒေသခံ(၂)ဦးမျှောပါသေဆုံးခဲ့တာအပြင်  ကား(၁...
July 2, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး နယ်စပ်တွေမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် နဲ့...
June 29, 2024
စစ်ကိုင်းတိုင်းဒေသကြီအထက်ပိုင်း အင်းတော်မြို့နယ် နန့်သာကျေးရွာမှာ တပ်စွဲထားတဲ့ ...
June 28, 2024
စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် နဲ့ KIA+PDF...