စစ်ကောင်စီ တပ်သားသစ်များ ကော့ကရိတ်မြို့အခြေစိုက်ပြီး အင်အားဖြည့်တင်းစစ်ကြောင်းထိုးရန် ပြင်ဆင်နေ

စစ်ကောင်စီ တပ်သားသစ်များ ကော့ကရိတ်မြို့အခြေစိုက်ပြီး အင်အားဖြည့်တင်းစစ်ကြောင်းထိုးရန် ပြင်ဆင်နေ

စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်း တပ်သားသစ်များအား ဖားအံမြို့မှတဆင့် ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်အတွင်း ယခု ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ နေ့စဉ်ပို့ဆောင်နေပြီး အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများဘက်သို့ စစ်ဆင်တိုက်ခိုက်ရန် စစ်ပြင်မှုများရှိနေကြောင်း ကော့ကရိတ်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်သားသစ်များအား ကော့ကရိတ်မြို့နယ်အတွင်းသို့ ပို့ဆောင်ရာတွင် ဗိုလ်ဘိဦးစီးသော တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA ( DKBA ခွဲထွက်အဖွဲ့) တပ်ဖွဲ့ဝင်များ လိုက်ပါ လမ်းပြပေးလျက်ရှိကြောင်း ကော့ကရိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၎င်းက “လမကုန်ခင်ကတည်းက သူတို့ ကျုံဒိုး၊ နဘူး၊ ကော့ကရိတ်ဘက်ကို စစ်ကူပို့နေတယ် ။ အခုမြို့တွင်း မြို့ပြင်ကို စစ်ကြောင်းထွက်လာမယ် သတင်းရတယ်။ လမ်းဟောင်း၊ လမ်းသစ်နှစ်ဘက်လုံးရော၊ ခနိမ်းမူ အမှတ် ၃ ဂိတ်ဘက်ရော၊ တောင်ပိုင်းမြောက်ပိုင်းရွာတွေ ဘက်ရောပေါ့၊ ၉၇ နဲ့ လှိုင်ဝကုန်းက နေ့တိုင်းအလုံးကြီး ပစ် ထုတ်တာ အခုရက်ပြန်လုပ်လာတယ် ။ DKBA အဟောင်းဗိုလ်ဘိအဖွဲ့တွေက လမ်းပြကူပြီး ပါပါနေတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းများ အာရှလမ်းပိုင်းမှာ ကရင်အမျိုး သား လွတ် မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေပြီး လေယာဉ် ဗုံးကြဲ မှုများယခုရက်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက်မှုရှိလာကြောင်း ဒေသခံ KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“ ဇွန် ၂၉ ရက်ကဆို လက်ခတ်တောင်ဘက် လမ်းသစ်ဘက်၊ ညီနောင်ဘက် လေယာဉ်လာကြဲတယ်။ အခုက သူတို့ စစ်သားသစ်စုတာတွေ သင်တန်းပြီးပြီဆိုတော့ ဒီဘက်တွေကို စစ်ကူတွေပို့လာတယ် ကြားထားတယ်။ မြဝတီ ဘက်ကလည်း အာရှလမ်းနဲ့ ညီနောင်ဘက်ကို စစ်ကြောင်းထိုးတာ၊ တိုက်တာမျိုး တွေ ရှိနေတယ်။ ဒီမိုးတွင်းက တော့ သူတိုက်၊ ကိုယ်တိုက်ပဲရှိတော့မယ်” ဟု KNLA သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

လက်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီဒေသများအတွင်း အပစ်ရပ် ကရင်လက်နက်ကိုင် အဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဘက်က နယ်မြေဒေသအတွင်း စစ်တပ်ရွှေ့ပြောင်းသွားလာမှုများအား အကူအညီ ပေးမှုများ ဆက်ရှိနေကြောင်း ကျုံဒိုး၊ ချောင်း‌‌ဖျား ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

၎င်းအပြင် စစ်တပ်ဘက်မှ ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း အရပ်သားအသွင်ယူပြီး KNLA မဟာမိတ်ပူးပေါင်း တပ်များစစ်ရေး လှုပ်ရှားမှုများအား ဈေးသည်၊ ယာဉ်မောင်း၊ အလုပ်သမား၊ ခရီးသွားပြည်သူ ပုံစံမျိုးစုံဖြင့် သတင်း ပေး၊ စုံစမ်းရေးအဖွဲ့များ စေလွတ်ထောက်လှမ်းခိုင်းမှုရှိနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များ က ပြောသည်။

July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...