KIA နှင့် ဖြစ်ပွားသည့် ပြဿနာများကို တွေ့ဆုံညှိနှိုင်း ဖြေရှင်းသွားမည်ဟု TNLA ပြော

KIA နှင့် ဖြစ်ပွားသည့် ပြဿနာများကို တွေ့ဆုံညှိနှိုင်း ဖြေရှင်းသွားမည်ဟု TNLA ပြော

နယ်မြေအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA အပြင် မဟာမိတ်များ နှင့် ကြားတွင် ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှုများကို ပြေလည်မှုရရှိအောင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသွား မည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA အထွထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။

တအာင်းပြည်ထဲက စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ မဟာမိတ်ဆက်ဆံရေး ကြားက ပွတ်တိုက်မှု အခြေအနေ များနှင့် ပတ်သက်၍ TNLA က ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့် တအာင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တအာင်းတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့က ကျနော်တို့ ကြာရှည်စွာ လက်တွဲလာတဲ့ မဟာမိတ် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းတွေ ဖြစ်တဲ့အတိုင်း နှစ်ဖက် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဗဟိုအဆင့်ကော အောက်ခြေအဆင့် အသီးသီးမှာ ကျနော်တို့ ပူး ပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခု လက်တလောဖြစ်နေတဲ့ ကျနော်တို့ ရင်ဆိုင်ရ တဲ့ ထိတွေ့မှု ပွတ်တိုက်မှု တချို့တွေရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ နှစ်ဖက် အဖွဲ့အစည်း တွေ့ ဆုံပြီးတော့မှ ဒီကိစ္စကို ဖြေရှင်းဖို့ ကျနော်တို့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ အမြန်တွေ့ ဆုံဆွေးနွေးညှိနှိုင်းကြမယ်”

လက်ရှိဖြစ်ပွားနေသည့် ပြဿနာမှာ မဟာမိတ်များကြား ဖြစ်ခဲ့သည့် ပဋိပက္ခသာ ဖြစ်သောကြောင့် နိုင်ငံရေးအရ ပြေလည်မှုများ ရရှိအောင် ဆောင်ရွက်သွားမည်ဆိုပါက မပြေလည်နိုင်စရာ အကြောင်းမရှိ ဟု PSLF/TNLA အထွေထွေ အတွင်းရေးမှူးက ပြောသည်။

တစ်ဖက်တွင်လည်း KIA နှင့် TNLA မဟာမိတ်ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံညှိနှိုင်းရန် အကြိမ်ကြိမ် ချိန်းဆိုထားကြသော်လည်း အခြားအရေးကြီးကိစ္စများကို ဆောင်ရွက်နေရသည့်အတွက် လက်ရှိ အချိန်အထိ တွေ့ဆုံဆွေးနွေးမှုများက ဖြစ်မလာသေးဟု PSLF/TNLA က ဆိုသည်။

ဗိုလ်ချုပ် တားဘုန်းကျော်က “မတွေ့ဖြစ်နိုင်ပေမဲ့လည်း ကျနော်ထင်တယ်။ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ ဆိုရင်တော့ ကျနော်တို့ အောက်ခြေကို ပြဿနာတွေ ဒီထက်ကြီးထွားမသွားအောင် အကောင်းဆုံး ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့နော် ကျနော်တို့ရဲ့ ဒီအဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ကျနော် တို့ အကောင်အထည်ဖော်ဖို့ လိုတယ်။ တစ်ဆက်တည်းမှာပဲ ကျနော်တို့ မဟာမိတ်နဲ့လည်း ဒီထက်ပိုပြီးတော့ ပြဿနာတွေ မကြီးထွားအောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ရဲ့ တပ်မှူးတွေ တပ်ဖွဲ့တွေ ကျနော်တို့ရဲ့ အုပ်ချုပ် ရေးနဲ့ ဌာနဆိုင်ရာအဖွဲ့ အသီးသီးကိုလည်း ကျနော်တို့ အမြဲတစေ ကျနော်တို့ လမ်းညွှန် ကျနော်တို့ မှာကြားပါ တယ်” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA သည် KIA အပါအဝင် မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကိုးကန့်တပ်မတော် MNDAA တို့နှင့် နယ်မြေ အငြင်းပွားမှု ဆိုင်ရာ ကိစ္စရပ်များကြောင့် ဒေသတွင်း၌ မကြာခဏဆိုသလို ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ် တားဘုန်းကျော်က “အောက်ခြေမှာတော့ အဲလိုမျိုး မလို လားအပ်တဲ့ ပွတ်တိုက်မှုလေးတွေ နားလည်မှုလွဲတဲ့ဟာလေးတွေ နည်း နည်းပါးပါးတော့ ရှိပါတယ်။ ဒါပေမဲ့ ခုန ကျနော်ပြောသလိုပဲ ကျနော်တို့က မဟာမိတ်အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါက မဟာမိတ်အတွင်းရှိတဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ခေါင်းဆောင် ထိပ်ပိုင်းမှာ ကျနော်တို့ အမြဲတမ်း တူတူနေတယ်။ တူတူ အစည်းအဝေး လုပ်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် အောက်ခြေကိုလည်း ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ မလိုအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်ဖို့ ကျနော်တို့ အမြဲတမ်း ညွှန်ကြားပါတယ်။ ဒါကြောင့်မို့ ဒီထက်ပို ပြီးတော့ ဘာမှလည်း စိုးရိမ်စရာမရှိဘူးလို့ ကျနော်ရှင်းလင်းချင်ပါတယ်” ဟု ဆက်ပြောသည်။

TNLA သည် KIA နှင့် မန်တုံ၊ မိုးမိတ်၊ မဘိမ်း၊ ကွတ်ခိုင် အစရှိသော မြို့နယ်များတွင် နယ်မြေ အငြင်းပွားမှုဆိုင်ရာ ပြဿနာများ ရှိနေသည့်အပြင် နမ့်ခမ်းတွင် SSPP နှင့် အငြင်းပွားမှုများ ရှိခဲ့သည်။

အလားတူ MNDAA ကိုးကန့်တပ်ဖွဲ့နှင့်လည်း ကွတ်ခိုင်မြို့နယ်ထဲတွင် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့သည်။

July 5, 2024
ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းက သံဃာတော်များသည် စစ်ကောင်စီကို ဆန့်ကျင်ကံ...
ရဲဝံ့စွန့်စာ ပြည့်ချစ်သား (အမှတ်-၉ စစ်အခြေခံ ခြေလျင်တပ်သားသစ် သင်တန်းဆင်းပွဲ)
July 5, 2024
စစ်မှုထမ်းရှောင်ရန် ပိုက်ဆံပေးထားသူများအတွက် လူအစားထိုးရန် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက...
July 5, 2024
သတင်းမီဒီယာသမားများကို ရာဇဝတ်သားကဲ့သို့ သဘောထားပြီး ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်ကို ရှုတ်ချ...
July 3, 2024
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်က...