ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းအား တော်လှန်ရေးတပ်ဖွဲ့များ မစိုးမိုးနိုင်စေရေး စစ်ကောင်စီနှင့်ပူးပေါင်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးပြင်ဆင်နေ

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းအား တော်လှန်ရေးတပ်ဖွဲ့များ မစိုးမိုးနိုင်စေရေး စစ်ကောင်စီနှင့်ပူးပေါင်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးပြင်ဆင်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးအာရှလမ်းပိုင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ မစိုးမိုးနိုင်ရေးအတွက် လမ်းပိုင်းတစ်လျှောက်ကျေးရွာများတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသော ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးပြင်ဆင်မှုများ လုပ် ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းတွင် စစ်ရေး /လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် ကျုံဒိုး၊ ကော့ကရိတ် ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် ကရင်နယ်ခြားစာင့်တပ် -BGF နှင့် မွန်ငြိမ်းချမ်းရးအဖွဲ့နှင့် ကျေးရွာပြည်သူ့ စစ်အဖွဲ့များက ယခုဇွန်လ ၂၅ရက်တွင် ကျုံဒိုးခုနစ်တိုင်ရွာ BGF စခန်း၌ အစည်းအဝေးပြုလုပ်ပြီးနောက် ကျေးရွာ များတွင် စစ်ရေးလှုပ်ရှား ဂိတ်ချစစ်ဆေးမှုများ နေ့/ည လုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကျုံဒိုးချောင်းဖျားဒေသခံက “BGF ဝင်းအောင်တို့၊ BGF မြလှိုင်တို့ ၊ မွန်ငြိမ်းချမ်းရေးအဖွဲ့က စိုးမြင့်တို့ ခုနစ်တိုင် BGF ဝင်းအောင်တို့ဂိတ်မှာ အစည်းအဝေးလုပ်တယ်။ အခုကျုံဒိုးပတ်ခြာလည် ရွာတွေနဲ့ ကော့ကရိတ် ကိုးတိုင် အထိကို PC ငြိမ်းချမ်းရေးကောင်စီတို့၊ ရွာပြည်သူစစ်တို့ နောက် BGF ပေါ့၊ သူတို့ အကုန်လုံးက လမ်းဂိတ် တွေရွာ တွေချပြီး စစ်တာပိုလုပ်လာတယ်။ ရွာသားက သွားတိုင်းလာတိုင်း ပိုက်ဆံပေးသွားနေရသလို ဖြစ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော ကော့ကရိတ်မြို့ဘက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ဒေသအခြေစိုက် BGF တပ်ဖွဲ့များက ဒေသတွင်း ဖြတ်သန်းသွားလာသူများ၊ ကုန်စည်ကားများအပေါ် ဂိတ်ချစစ်ဆေးငွေကောက် ခံ မှုများ ပိုလုပ်လာသလို မြို့တွင်း ခြေလျင်တပ်ရင်း (ခလရ -၉၇) တပ်ကလည်း အာရှလမ်းသစ်အောင်ဇေယျ စစ်ဆင်ရေးတိုက်ပွဲ ဖြစ် နေရာများဘက်သို့ လက်နက်ကြီး ပစ်ခတ်ပစ်ကူပေးမှုများ နေ့စဉ်ရှိနေကြာင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

“ ဒီတလောက ကော့ကရိတ်အာရှလမ်းမကြီးဘက်က နေ့တိုင်းလက်နက်ကြီး ပစ်ခတ်မှုရှိတယ်။ စစ်တပ် အောင် ဇေယျစစ်ကြောင်းက တောင်ပေါ်မှာ နေ့တိုင်းတိုက်ပွဲ ဖြစ်နေတာ၊ လက်နက်ကြီးက ၉၇ တပ်က ပစ်ကူပစ်ထုတ် နေတာ အာရှလမ်းမှာက ကရင်အဖွဲ့ ၊ PDF အဖွဲ့တွေနဲ့က မြေပြင် ပစ်ခတ်မှုက နေ့တိုင်းရှိတယ်။ ထိခိုက်တဲ့ စစ်တပ်က လူတွေကို အရပ်သား ကားတွေ ချောဆွဲပြီး ဖားအံ တောင်ကလေး စစ်ဆေးရုံကို ကျုံဒိုးကနေ တဆင့် ပို့ နေတယ်” ဟု ကော့ကရိတ်စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် မြဝတီမြို့ မှ ကျုံဒိုး၊ ဖားအံမြို့ဘက်အထိ ကုန်စည်နှင့် ခရီးသွားလာမှုအတွက် ဒေသတွင်း ကရင် အပစ်ရပ်လက်နက်ကိုင် ထိန်းချုပ်နယ်မြေများအတွင်းရှိ လမ်းပိုင်းများမှတဆင့်ဖြတ်သန်းသွားလာ နေကြရပြီး ယခင် စစ်အာဏာမသိမ်းခင်က ပုံမှန်သွားလာနေကြသည့် မြဝတီ -ကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်းမှာ ယခု နှစ်ဘက်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသောကြောင့် သွားလာမရ ဖြစ်နေကြောင်း သိရသည်။

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...