ထားဝယ်၊ သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်အများစု ဝမ်းရောဂါများဖြစ်ပွားနေ

ထားဝယ်၊ သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်အများစု ဝမ်းရောဂါများဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်အများစုတွင် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ပြီး နှစ်ဖက်တိုက်ပွဲစတင်ပြင်းထန်ခဲ့ပြီး ဒေသခံများအနေဖြင့် နီးစပ်ရာတော တောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှောင်စခန်းများတွင် ယင်လုံအိမ်သာလုံလောက်မှု မရှိ သော ကြောင့် ယခုလို ဝမ်းပျက်ဝမ်းရောများ ပိုမိုဖြစ်ပွားလာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကို ကူညီပေးနေသည့် မြေပြင်တာဝန်ခံ ကိုအေကေ(AK) က ပြောသည်။

“ဝမ်းရောဂါပေါ့။ အိမ်သာ အလုံအလောက်မရှိတာတွေလည်း ပါတယ်။ အိမ်သာတစ်ခုတည်းကိုပဲ အသုံးပြု နေရတာဖြစ်တဲ့အတွက်ကြောင့် အခုလို ပိုအဖြစ်များလာတာလည်းပါတယ်။ ကူးစက်ရောဂါတွေကတော့ အများ အားဖြင့် လူကြီးတွေမှာလည်း ဖြစ်တယ်။ ကလေးသူငယ်တွေမှာလည်းဖြစ်တယ်။ ဒါပေမဲ့ကလေးတွေက ပိုဖြစ် တာပေါ့။”ဟု  ကိုအေကေက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲ ဖြစ်ပွားရာနေရာအများစုတွင် စစ်ကောင်စီမှ စားနပ်ရိက္ခာသယ်ဆောင်မှုလမ်းကြောင်းအပြင် ဆေးဝါး သယ် ဆောင်ခွင့်ကို တင်းကြပ်စွာ ကန့်သတ်ထားလျက်ရှိကြောင်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိနေသည့် ကလေးငယ်အများစုတွင်လည်း လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးမည့် လူသားအရင်းအမြစ်လုံလောက်မှု မရှိသည့်အပြင် ဆေးဝါး လုံလောက်မှုမရှိသောကြောင့် စစ်ဘေးရှောင်ကူညီသူများအနေဖြင့်အခက်အခဲများ ကြုံနေရကြောင်း လည်း ၎င်း စစ်ရှောင် ကူညီသူကိုအေကေက ဆက်ပြောသည်။

၎င်းက “အခက်အခဲတော့အများကြီးရှိတယ်။ အထူးသဖြင့် ကျန်းမာရေးအပိုင်းကိုတာဝန်ယူတဲ့ လူသား အရင်း အမြစ်တွေ အားနည်းတယ်။ လူသားလုံလောက်မှု မရှိဘူး။ ရှိနေတဲ့စစ်ရှောင်ဦးရေနဲ့ ကျန်းမာရေး ဆရာ၊ ဆရာမ တွေနဲ့က မမျှဘူး။ ဆေးဝါးတွေကလည်း လုံလောက်မှုမရှိပြန်တော့ အဲ့လိုအခြေနေတွေ ရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

သရက်ချောင်းမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း(၆,၀၀၀)ဝန်းကျင်အထိ ရှိပြီး ယခုလို မိုးဦးကာလတွင် ဆေးဝါးနှင့် အစားအစာလိုအပ်ချက်များအပြင် နေရာထိုင်ခင်းနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...