- မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသမှာ ငှက်ဖျားဖြစ်ပွားသူများပြားနေပြီး ငှက်ဖျားဆေးဝါး မလုံလောက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မွန်အမျိုးသားကျန်းမာရေးကော်မတီက ပြောပါတယ်။
- အဆင့်မြင့်ပညာရေးပူးပေါင်းဆောင်ရွက်မှု ပထမခြေလှမ်းအနေနဲ့ မွန်အမျိုးသားကောလိပ်က ကျောင်းသား/သူ ၈ ယောက်ဟာ Payap တက္ကသိုလ်ကပေးတဲ့ ပညာသင်ဆုကိုရရှိခဲ့တယ်လို့ မွန်အမျိုးသားကောလိပ်တာဝန်ရှိသူတွေက ပြောပါတယ်။
- ရေးမြို့နယ်မှာ စစ်ကောင်စီကို မြို့ပြစစ်ဆင်ရေးနဲ့ ပြောက်ကျားတိုက်ပွဲတွေ ဖော်ဆောင်တိုက်ခိုက်နေတဲ့ ရေးဘီလူးအဖွဲ့အနေနဲ့ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသင့်တဲ့အခန်းကဏ္ဍတွေကို ပူးပေါင်းသွားမယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။