Published
Monday, May 13, 2024
ထိုင်းမဟာချုလာလောင်ကွန်းတက္ကသိုလ်ကနေ စုစုပေါင်း ကျောင်းသူ/သား ၁၂ ယောက်ကို ပညာတော်သင်ဆုပေးသွားဖို့ရှိ
- မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်ဒေသတစ်လျှောက်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာကျူးလွန်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောပါတယ်။
- မွန်အမျိုးသားကောလိပ် (Mon National Collage) မှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစပြီး Information and Technology (IT) ဘာသာရပ်အသစ်တစ်ခုပါ ထည့်သွင်းသင်ကြားသွားဖို့ရှိတယ်လို့ ကောလိပ်တာဝန်ရှိသူတွေ ပြောပါတယ်။
- ထိုင်းနိုင်ငံမှာရှိတဲ့ မဟာချုလာလောင်ကွန်းတက္ကသိုလ်ကနေ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ဆယ့်နှစ်ယောက်ကို ပညာတော်သင်ဆုပေးသွားဖို့ ရှိတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့က ပြောပါတယ်။