ကရင်ပြည်နယ်ကောင်စီ ဝန်ကြီးချုပ် စောမြင့်ဦး ယာဉ်တန်းတိုက်ခိုက်ခံရ

ကရင်ပြည်နယ်ကောင်စီ ဝန်ကြီးချုပ် စောမြင့်ဦး ယာဉ်တန်းတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၏ စစ်ကောင်စီခန့် ဝန်ကြီးချုပ်စောမြင့်ဦးလိုက်ပါလာသည့် ယာဉ်တန်းသည် ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့က ကော့ကရိတ်မြို့သို့ သွားရောက်ပြီးနောက် အပြန်လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-KNLA ပူးပေါင်းတပ်ဖွဲ့၏ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း စစ်ရေးသတင်းအမြစ်များက အတည်ပြု ပြောဆိုသည်။

“ ဝန်ကြီးချုပ်စောမြင့်ဦးက ကော့ကရိတ်ကို နဘူး၊ထီလုံ လမ်းကလာတယ်။ အပြန်လမ်းကြောင်း ကို ၂ နေရာ ဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ သူတို့ ရှေ့ ပွိုင့် ကားတွေ ၅ စီး လောက်ထိကုန်တယ်။ ယာဉ်တန်းမောင်းပြေး တယ်။ မြပတိုင်ရွာ နဲ့ နောင်ထပ္ပံ ရွာ‌ဘက်မှာပစ်လို့ သူတို့ ထိခိုက်တာရှိတယ်။ သတင်းတော့ မထုတ်ပြန်ဘူး” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်တစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ယမန်နေ့က ဝန်ကြီးချုပ် စောမြင့်ဦးသည့် ကော့ကရိတ်မြို့သို့ စစ်ကောင်စီ ဝင်ရောက် ထိန်းချုပ်ထားသည့် အခြေအနေများကို သွားရောက် ကြည့်ရှု့စစ်ဆေးပြီးအပြန်လမ်းတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ယခုလို ယာဉ်တန်းတိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး သတင်းဖုံးဖိထားကြောင်းလည်း စစ်ကောင်စီ နှင့် နီးစပ်သည့် ဖားအံ ဒေသခံတစ်ဦးက ပြောသည်။

” မနေ့က ပြည်နယ် ဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခံရတယ်။ မိုင်းဆွဲတာ လွတ်သွားတယ်။ ကား ၅စီး လောက် ကျည် ထိတာတွေ လူထိတာတွေရှိတယ်။ အဲ့ သတင်းကို ဖားအံ မှာ သတင်းမပြန့်အောင်ဖုံးထားတယ်။ ဘယ်သူ မေးမေးမသိဘူး။ မဟုတ်ဘူးဘဲ ဖြေခိုင်းထားတယ်။ သတင်းပေါက်ရင် အရေးယူခံရမယ်” ဟု ဖားအံ မြို့ခံက ကေအိုင်စီ သို့ ပြောသည်။

လတ်တလောတွင် မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက ဖော်ဆောင်နေသည့် နိုင်ငံတော်အဆင့် အောင်‌ဇေယျစစ်ဆင်ရေးစစ်ကူစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် ဖြတ်တောက် တိုက်ခိုက် ခြင်းကြောင့်လည်း ကော့ကရိတ်လမ်းဟောင်း နှင့် အာရှလမ်းသစ်နေရာများတွင် တိုက်ပွဲပြင်းထန်နေလျက်ရှိနေသည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...