ကချင်ပြည်၊ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့ ခလရ ၅၈ စစ်ကောင်စီ တပ်ရင်းကနေ အခုရက်ပိုင်း ညတိုင်းလိုလို လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ပြည်သူနေ ရပ်ကွက်နဲ့ ရွာတွေထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိနေပါတယ်။
ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့်တပ်မတော် MNDAA က ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ဖွဲ့ဝင် တွေနေတဲ့ ရုံးကို မဖွင့်ဖို့တားမြစ်ထားပြီး ဒေသခံတွေကိုလည်း ကချင်ရိုးရာယဉ်ကျေးမှု မနောကွင်း ခန်းမဆောင် ဆောက်လုပ်ခွင့် မပေးဘူးလို့ မုံးကိုးမြို့ခံတွေ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ကချင်ပြည်နယ်မှာ ခေါင်းစဉ်အမျိုးမျိုး အောက်ကနေ သသာဝပတ်ဝန်းကျင်ကို တွင်တွင်ကျယ်ကျယ် ဖျက်ဆီးနေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။