Published
Saturday, April 20, 2024
TNLA သိမ်းပိုက်ထားသည့်နယ်မြေအတွင်း အခြားလက်နက်ကိုင်တပ်ဖွဲ့များ ရုံးဖွင့်လိုပါက ခွင့်တောင်းရမည်ဟုဆို
- ကချင်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်ပေမဲ့ ၂၄ နာရီအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးလိုက်ပါတယ်။
- ရှမ်းပြည်မြောက်ပိုင်းမှာ TNLA က သိမ်းပိုက်နေရာယူထားတဲ့နယ်မြေတွေမှာ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ရုံးဖွင့်၊ အခြေချလိုပါက ခွင့်တောင်းရမယ်လို့ ဆိုပါတယ်။
- ဗန်းမော်ခရိုင် မိုးမောက်နဲ့လွယ်ဂျယ်ကြား စိန်လုံတောင်တစ်ကြောရှိ ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးခင်းတွေမှာ မြေရှားသတ္တုမတူးဖော်ဖို့ ဒေသခံတွေ ဆက်တိုက်ကန့်ကွက်နေပေမဲ့ KIO ဘက်က အရေးမလုပ်ဘဲ မြေရှားသတ္တုဆက်တိုက်တူးဖော်နေတာကြောင့် ရွာသားတွေ စိတ်ဆင်းရဲဒုက္ခခံစားနေရတယ်လို့ ဆိုပါတယ်။