ကလေး အကျဉ်းထောင်ကနေ အကျဉ်းကျနေသူ(၃၀)ကျော်လွတ်ငြိမ်း သက်သာခွင့်ရတယ်လို့သိရ

ကလေး အကျဉ်းထောင်ကနေ အကျဉ်းကျနေသူ(၃၀)ကျော်လွတ်ငြိမ်း သက်သာခွင့်ရတယ်လို့သိရ
Photo By MOI
Photo By MOI

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးအကျဉ်းထောင်မှာ အကျဉ်းကျ နေတဲ့ အကျဉ်းသူ/အကျဉ်းသား (၃၃)

ယောက်ဟာ စစ်ကောင်စီရဲ့နစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာ ကလေးအကျဉ်းထောင် ကနေ အကျဉ်းသား(၃၁)ယောက်နဲ့အကျဉ်းသူ(၂)ယောက် စုစုပေါင်း(၃၃)ယောက် ကို ယမန်နေ့ နေ့လည်(၁၂)နာရီကျော်မှာ လွတ်ငြိမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်ရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား မပါ၀င်ဘူးလို့ ဒေသခံတွေကပြောဆိုနေကြပေမယ့်  Chin World Mediaအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်သစ်ကူးအထိမ်းအမှတ် အဖြင့် အကျဉ်းသူ/သားစုစုပေါင်း(၃၃၃၉)ယောက် လွတ်ငြိမ်းသက်သာခွင့် ပြုတာဖြစ်ပြီး အဆိုပါအထဲမှာ စစ်ကိုင်းတိုင်းက (၉၈)ယောက် ပါ၀င်တယ်လို့ သိရပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...