ကလေးမြို့နယ် ပြည်တော်ရွာကနေအိမ်တွေမီးရှို့ခံရပြီး ဒေသခံရွာသား(၂) ဦးအသတ်ခံရတယ်လို့ သိရ

ကလေးမြို့နယ် ပြည်တော်ရွာကနေအိမ်တွေမီးရှို့ခံရပြီး ဒေသခံရွာသား(၂) ဦးအသတ်ခံရတယ်လို့ သိရ

စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့ ပြည်တော််သာရွာကို ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ကာ နေအိမ်တွေကိုမီးရှို့ခဲ့ပြီး ဒေသခံရွာသား (၂) ဦးကိုလည်းသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်တော်သာရွာကို ဧပြီလ (၃၀) ရက်နေ့ နေ့လည်ပိုင်းလောက်ကနေစလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ခဲ့ကာ မနေ့မေလ ၂ ရက်ညအထိ မီးတွေဆက်လောင်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က သတ်ဖြတ်လို့ သေဆုံးသွားတဲ့  ပြည်တော်သာရွာက ဒေသခံ (၂) ဦး ကိစ္စကိုတော့  မနေ့ မေလ ၂ ရက်နေ့မှဘဲ ဒေသခံတွေက အတည်ပြုသိရှိရတာလို့လည်း သိရပါတယ်။

ကလေးမြို့မြောက်ပိုင်းက ကျေးရွာတော်တော်များများက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးတွေကြောင့်လည်း ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုတွေလည်း များခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကလေးမြောက်ပိုင်း ကလေး - လက်ပံချောင်းလမ်းမဘေးမှာတည်ရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်ချီဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Most read this week

April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...