Published
Sunday, March 24, 2024
အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)တွေအပါအဝင် လူငယ်တချို့ကို စစ်မှုထမ်းဖို့စာရင်းကောက်ယူနေ
- ရခိုင်က မြို့နယ်တချို့မှာ စစ်ကောင်စီက အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)တွေအပါအဝင် လူငယ်တချို့ကို စစ်မှုထမ်းဖို့စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁ မျဉ်းစောင်းကို ကားဂိတ်တွေမှာ လက်မှတ်မရောင်းဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
- ရခိုင်ပြည်၊ မြို့တော်စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ နယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသား/သူ ၄၀၀ ကျော် ပြန်ခွင့်မရဘဲ ပိတ်မိနေတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။