သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် မြဝတီမြို့ဘက်စစ်ရှောင်သူ (၃၀၀၀) ဝန်းကျင်ရှိပြီးအကူအညီများလိုအပ်နေ

သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် မြဝတီမြို့ဘက်စစ်ရှောင်သူ (၃၀၀၀) ဝန်းကျင်ရှိပြီးအကူအညီများလိုအပ်နေ
Photo: CJ
Photo: CJ

စစ်ကောင်စီ၏ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် အခြေစိုက်တပ်ရင်းစခန်းများတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA နှင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် အနီးဝန်းကျင်ကျေးရွာ ၁၀ ရွာမှ ဒေသခံ (၃,၀၀၀) ဝန်းကျင် မြဝတီမြို့ ပေါ် ရှိ ဘုန်းကြီးကျောင်းများ နှင့် စာသင်ကျာင်းများဘက်သို့ စစ်ဘေးရှောင် ခိုလှုံလာနေရကြောင်း မြဝတီမြို့ခံများက ပြောသည်။

"ဒီမနက်ပိုပြီး လူရှောင်လာတာများတယ်။ဇရပ်ဖြူကုန်းတို့ ဝှေ့ရှမ်းတို့ မဲ့ပလဲရွာဘက်တို့ကနေပါ မြဝတီမြို့ ကို စစ်ရှောင်လာကြတယ်။ အခု ရေပူ၊ အောက်ကျောင်း၊ ချောင်းဆုံရပ်ကွက်ဘက်မှာ လူတစ်ထောင်ဝန်းကျင် ရောက်လာပြီး။ မြို့ထဲက ဓမ္မရန်အာင်ကျောင်းတို့ တောရကျာင်းတို့ဘက်လည်း လူတွေရှောင်လာနေတုန်းဘဲ။ အားလုံးဆို ၃ထောင်နီးပါးရှိမယ်" ဟု မြဝတီ မြို့ခံတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ယခုလို မြဝတီမြို့ပေါ်သို့စစ်ရှောင်လာကြသူများအား စစ်ကောင်စီ၏ ဌာနဆိုင်ရာများမှ လာရောက်ကူညီ စီစဉ် ပေးတားမျိုးမရှိဘဲ မြို့ခံလူထုများဖြစ်သည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ နှင့် တစ်သီးပုဂ္ဂလိကအလှူရှင်များ ကသာ ကူညီစောင့်ရှောက်ပေးထားရကြောင်းလည်း မြို့ခံစစ်ရှောင်ကူညီသူများကပြောသည်။

မြို့ခံ စစ်ရှောင်သူ တစ်ဦးက "မြို့ မှာ စစ်ရှောင်တွေရောက်လာကြတယ်။ စစ်တပ် ထွေအုပ်တို့ လူကယ်ပြန်တို့က လူတွေ ရှောင်နေကြတယ်။ ဘာမှလာမကူညီဘူး။ မြို့ကလူတွေဘဲကူပြီး နေရာချပေး စားဖို့လုပ်ပေးကြရတယ်။ အလုပ်သမားရုံးမှာ နေရာ အကျယ်ကြီး အိပ်ဆောင်တွေလည်းရှိတယ်။ အဲ့လိုနေရာတွေမှာ ယာယီစစ်ရှောင် လာ သူတွေကို ပေးထားရင် အဆင်ပြေမယ်။ အခုက ဌာနဆိုင်ရာတွေက ဘာမှလာမလုပ်ပေးဘူး ဖြစ်နေတယ်။ ရပ်ကွက်က လုပ်ငန်းရှင်တွေ မိသားစုလိုက်တွေက နိုင်တာလေးတွေ လာပေး လာကျွေးတာဘဲရှိတယ်" ဟု ကေအိုင်စီ သို့ပြောသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့အထိ သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်း၊ ခြေမြန်တပ်ရင်း (ခမရ-၃၅၇)၊ ကုန်သွယ်ရေး ဇုန်၊ ခြေလျင်တပ်ရင်း (ခလရ-၂၇၅)စသည့် တပ်စခန်းကုန်းများကို KNLA မဟာမိတ်ပူးပေါင်းတပ်များက ဆက် လက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း တပ်စခန်းများ မကျရေးအတွက် လေကြောင်းပစ်ကူများကို ဆက်တိုက်ပြုလုပ်နေသလို လက်နက်ကြီးပစ်ကူများလည်း ဆက်တိုက်နီးပါး ပစ်ခတ်နေကြောင်း စစ်မြေပြင် သတင်းအရင်း အမြစ်ကပြောသည်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာ နေရာများဘက်တွင် နေရပ်စွန့်ခွာမှုမရှိဘဲ ဆက်လက်ပုန်းခိုနေထိုင်သူ အချို့ ဆက် လက်နေထိုင်ကြသူများကို ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ များမှ ချိတ်ဆက်ကယ်ဆယ်ရွှေ့ပြောင်း ပေးနေ ရပြီး တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှာဖွေကူညီနေကြောင်းလည်း မြဝတီမြို့  လူမှုကူညီကယ် ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၃၅၅)နှင့် ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့သလို လက်ရှိတွင် စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းနှင့် အရေးပါသည့် တပ်ရင်းစခန်းအချို့ကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

Most read this week

October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...