KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး

KNU ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတစ်လအတွင်း KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာသွားခဲ့ရတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းလှုပ်ရှားရာ လမ်းကြောင်းတွေ၊ စားနပ်ရိက္ခာသယ်ဆောင်ရာ လမ်းကြောင်းတွေ၊ သောက်သုံးရေခတ်သောက်ရာ လမ်းကြောင်းတွေကို နေ့စဉ်ဖြတ်တောက်ထားတဲ့အတွက် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်လွှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ရတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က လယ်ကလေးကျိုးစခန်း၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျူလူစခန်းနဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မော်ဖူးဗျူဟာစခန်းတို့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းကို စွန့်ခွာသွားရတာဟာ KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ နေ့စဉ် ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ အခက်အခဲတွေကြုံပြီး စိတ် ဓာတ်ကျဆင်းလာတာကြောင့်လို့ KNU ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်းတချို့နဲ့ မိုင်းတွေလည်း သိမ်းဆည်းရမိခဲ့တာပါ။

KNU ဖာပွန်ခရိုင်ထဲမှာ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၈၆ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးပြီး ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတစ်လအတွင်း ဒေသခံပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်ထဲကို စစ်ကောင်စီတပ်က တမင်ရည်ရွယ်ပြီး လက်နက်ကြီး ၉လုံး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ  သိရှိရပါတယ်။

ဓာတ်ပုံ - KNU

October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...
October 9, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊...