ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ အင်ဖက်ထိုးပြီး စားဝတ်နေရေး ဖြေရှင်းနေရ

ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ အင်ဖက်ထိုးပြီး စားဝတ်နေရေး ဖြေရှင်းနေရ
Photo: KIC
Photo: KIC

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများသည် လက်ရှိ အင်ဖက်ကြွေကျချိန်တွင် အင်ဖက်ထိုးပြီး စားဝတ်နေရေး ဖြေရှင်းနေကြရကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။

‌စစ်ရှောင်ပြည်သူများသည် လတ်တလော စားဝတ်နေရေးအဆင်ပြေရန် ဒေသတွင်း ရာသီအလိုက် ထွက်ရှိသည့် သီးနှံနှင့် သဘာဝတောတောင်များကို မှီခို၍ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေရသလို ယခုလို အင်ဖက်ကြွေချိန်တွင် အင်ဖက်ထိုးရောင်းချပြီး ဝင်ငွေရှာနေရကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

" စားဝတ်နေရေးအတွက်က အင်ဥထွက်ချိန် အင်ဥသွားကောက်တယ်။ မီးသွေးဖုတ်ရောင်းတယ်။ အခု အင်ရွက်ကြွေကျချိန်မှာ သွားကောက်ပြီး ဖက်ထိုးရောင်းတာပေါ့။ ၎င်းက ရာသီအလိုက် သဘာဝထွက်တဲ့အရာတွေနဲ့ အသက်မွေးနေရတာပေါ့"ဟု ထိုစစ်ရှောင်အမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများသည် မြို့နယ်ခေါင်းဆောင်များမှ စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့မှုပေးသော်လည်း လုံလောက်မှုမရှိသဖြင့် ဒေသတွင်း ထွက်သည့်အရာများ လုပ်ယူရောင်းချ၍ စားဝတ်နေရေးဖြေရှားနေကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာဒေသခံအချို့သည် ၃ နှစ်ဝန်းကျင် နေရပ်မပြန်နိုင်သေးသဖြင့် ၎င်းတို့နေအိမ်တွင် ပြန်လည်နေထိုင်လိုကြောင်း အခြား‌စစ်‌ရှာင်အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

၎င်းက "တိမ်းရှောင်ရတာ ၃နှစ်လောက်ရှိပြီး။ အခက်ခဲကအမျိုးမျိုးပဲ။ သူများအိမ်မှာ လာနေတာ ကြာတော့ အားနာလာတယ်။ တစ်ချို့ကလည်း တောတောင်ထဲ တဲထိုးပြီးနေကြတယ်။ ကိုယ့်ရွာ၊ ကိုယ်အိမ်ပဲ ပြန်လို့ရရင်ပြန်နေချင်ပြီး"ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူများ၏ နေအိမ်၊ ပစ္စည်းဥစ္စာများ လက်နက်ကြီးကြောင့် မီးလောင် ပျက်စီးမှုရှိသလို ခိုးယူဖျက်ဆီးခံရမှုလည်းရှိနေကြောင်း ရွားသားများက ပြောသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် တိုက်ပွဲကြောင့် လုပ်ကိုင် စားသောက်ရန်ခက်ခဲသည့်အပြင် လမ်းကြောင်းအခက်အခဲကြောင့် ကုန်ဈေးနှုန်းများအဆ မတန်မြင့်တက်နေသည့်အတွက် နေထိုင်စားသောက်ရေး ပိုမိုခက်ခဲသထက် ခက်ခဲလာနေကြောင်း ဒေသခံပြည်သူများက ပြောသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...