ဖားအံ မြို့ဝင်မြို့ထွက် ရွာချင်းဆက်လမ်းပိုင်းများကို ပိတ်ဆို့ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာနေ

ဖားအံ မြို့ဝင်မြို့ထွက် ရွာချင်းဆက်လမ်းပိုင်းများကို ပိတ်ဆို့ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာနေ

ကရင်ပြည်နယ်၏ မြို့တော် ဖားအံတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လက်အောက်ခံ အဖွဲ့ လုံခြုံရေးတိုးမြှင့်ချထားပြီး မြို့ဝင်မြို့ထွက် ရွာချင်းဆက် လမ်းပိုင်းများအား ပိတ်ဆို့ စစ်ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း ဖားအံ မြို့ခံဘသတင်းအရင်းအမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက်က မြို့ဝင်နောင်လုံကျေးရွာ ဇွဲကပင်တောင်ကြား လမ်းပိုင်း နေရာနှင့် ထီလုံကျေးရွာ စစ်ဆေးရေးဂိတ် နေရာများတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ များ ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် အဆင်မပြေ ပဋိပက္ခအချို့ ရှိခဲ့ပြီးနောက်ပိုင်း စစ်တပ်က ဌာနဆိုင်ရာ နေရာနှင့် စစ်ကောင်စီ အခြေစိုက်နေရာများအား စစ်အင်အားတိုးမြှင့်ချထားလာခြင်းဖြစ်ကြောင်း ဖားအံ စစ်ဘက်အရပ်ဘက် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

၁၇ ရက်က BGF ကားတွေ သွားလာတာနဲ့ပတ်သက်ပြီး ရဲနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပြဿနာတက်လို့ BGF ဘက်က မြို့ထဲ ဝင်တိုက်မယ်။ သတင်းထွက် လာတယ် ၊ တချို့ကလည်း အဲ့တာကို PDF တွေ နောင်လုံတောင်ကြားရောက်နေပြီ ဆိုပြီး သတင်းဖွတယ်။ အခုတော့ ရဲသာရွာဘက် GTC နည်းပညာတက္ကသိုလ်ဘက် လမ်း မတွေ ရွာချင်းဆက်လမ်းတွေ ပိတ်ထားတယ်။ စစ်တပ်က ခြံတွေ ထဲ လာပြီးကင်းပုန်းထိုး လာနေနေတယ်။ မြို့ထဲ က ရုံးတွေ နဲ့ သူတို့ သီရိကွင်းဘက်မှာလည်း တင့်ကားတွေဘစစ်ကားတွေ၊ စစ်သားတွေဘအသင့် အနေအထား နဲ့ နေနေကြတယ်။ မြို့မ ရဲစခန်းက လည်း ကင်းလှန့် သံချောင်းခေါက်တာမျိုး ဆိုရင် အသင့်အနေအထား ပစ်ဖို့ပြင်ထား ဆိုပြီး အမိန့်ပေး ထားတယ် ”ဟု ဖားအံ မြိုခံက ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း BGF တပ်များ စစ်တပ်လာက်အောက်မှ ခွဲထွက်ပြီး ပြည်သူ့ကာကွယ်ရေး ပြည်နယ်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း မြဝတီ မြို့သင်္ဃန်းညီနောင် လျှပ်စစ်ဓါတ်အားပေးရုံ ပြန်လည်ပြင်ဆင်သည့်ကိစ္စနှင့် အာရှလမ်းပိုင်းပျက်စီးနေသည့်တံတားများ ပြင်ဆင်ရန်လုပ်ဆောင်မှုအချို့ ဆောင်ရွက်နေသည့် သတင်းဓါတ်ပုံ များအား BGF  တပ်ထောက်ခံသူများ က လူမှုကွန်ရက်စာမျက်နှာများ‌တွင် ဖြန့်ဝေလျက်ရှိသည်။

ယခု ရက်ပိုင်းအတွင်း ဖားအံမြို့ဘက်နှင့် မော်လမြိုင်မြိူ့ဘက်မှ စစ်တပ် တာဝန်ရှိသူများ လိုက်ပါလာသော စစ်တပ် ရဟတ်ယာဉ်များ လှိုင်းဘွဲ မြို့နယ် အတွင်းရှိ BGF တပ်နယ်ဘက်သို့  နေ့စဉ်ပျံသန်းသွား လာမှုရှိနေကြောင်း၊ စစ်တပ်လက်အောက်က BGF တပ်များ ခွဲထွက်မည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်တပ် ဘက်က သွားရောက် ဆွေးနွေးမှုများရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သည့်  ဒေသခံ များက ပြောသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...