ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် မောင်တောတို့တွင်ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် မောင်တောတို့တွင်ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ရက္ခိုင်ပြည် ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တောတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲသတင်းနှင့် နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများကို  ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဖေဖာ်ဝါရီ ၁၄ ရက်နေ့ ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၏ (၁၁၁) ရက်မြောက်နေ့ဖြစ်သော ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄) ရက်နေ့တွင် ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်နှင့် ရက္ခိုင့်တပ်‌တော်၏ ထိုးစစ်တို့မှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ အရပ်သားပြည်သူများ နေထိုင်ရာမြို့၊ ရပ်ရွာများအား တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု များသည် ယနေ့တွင်လည်း ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရသေ့တောင်မြို့

မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီသည် ရသေ့တောင်မြို့ ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်အား စတင်လျက်ရှိသည်။

ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များသို့ ဖေဖော်ဝါရီ  ညနေ (၇) နာရီ (၁၅) မိနစ်မှစတင်၍ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များဖြင့် တစ်စီးပြီးတစ်စီး မရပ်မနား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အတူ စစ်ကောင်စီသည် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ် ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဖေဖော်ဝါရီ ၁၄ ညနေပိုင်းမှစတင်ကာ မရပ်မနားဆက်တိုက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ရသေ့တောင်မြို့ရှိ ၎င်းတို့၏စခန်းများအား အသည်းအသန်ခုခံကာကွယ်လျက်ရှိသည်။

ရမ်းဗြဲမြို့

ဖေဖော်ဝါရီ ၁၄ ရက် တစ်ရက်တည်းတွင် ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်နေရာများသို့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ (၁၀) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi – 35 ရဟတ်ယာဉ်မှလည်း လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊ ကိုယ်ရံ‌တောင်ဘုရား အနီးဝန်းကျင်နှင့် အမှတ် (၅) လောင်းချောင်းရပ်ကွက်၊ တောင်ဥက္ကလာဘက်သို့ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲခဲ့သကဲ့သို့ အမှတ် (၄) ရပ်ကွက်၊ ကင်းတဲနှင့် အောင်စေတီရှိ လူနေအိမ်အချို့မှာ မီးဟုန်းဟုန်းတောက်လောင် ပျက်စီးခဲ့ရသည်။ ယနေ့ နေ့လယ် (၁၂) နာရီကျော်ခန့်ကလည်း စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်သည် ရိက္ခာ ဖြည့်တင်းမှု (၅) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီး များဖြင့် (၁၀) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ကမ်းထိုးဇက်နေဗီနှင့် အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီတို့မှလည်း ယနေ့တစ်ရက်လုံးတွင် (၁၈) ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တောင်ကုတ်မြို့

ဖေဖော်ဝါရီ ၁၄ ရက်  နေ့လယ်အချိန်၌လည်း တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ ကျောက်ဖြူချောင်း အနီးဝန်းကျင် နေရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့

ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် (၁၂) နာရီအချိန်မှ ညနေ (၅) နာရီ (၂၈) မိနစ်အချိန်ထိ ကျောက်ဖြူမြို့နယ် အခြေစိုက် “ခမရ (၅၄၂) ဗျူဟာကုန်း” နှင့် “အမှတ် (၃၂) ရဲတပ်ရင်း” တို့မှလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၆၀) ထက်မနည်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဤသို့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာ နှင့် ကုလာဘာကျေးရွာ၊ အူချေထောင့်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ်အချို့မှာ ထိခိုက်ပျက်စီးခဲ့ရသည်။

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...