လေးကေ့ကော်ရှိ နေအိမ်များကို BGF မိသားစုများအား နေထိုင်ခွင့်ပြုမည့်သတင်းကြောင့်အိမ်ပိုင်ရှင် စစ်ရှောင်နေရသူများ စိုးရိမ်နေ

လေးကေ့ကော်ရှိ နေအိမ်များကို BGF မိသားစုများအား နေထိုင်ခွင့်ပြုမည့်သတင်းကြောင့်အိမ်ပိုင်ရှင် စစ်ရှောင်နေရသူများ စိုးရိမ်နေ

လေးကေကော် မြို့သစ်တွင် ပြန်လည်မနေထိုင်သည့် နေအိမ်များကို ကရင်ပြည်နယ်၊ နယ်ခြား စောင့် တပ်- BGF မိသားစုများအား နေထိုင်ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် နေရပ် မပြန်နိုင်သေးသော အိမ်ပိုင်ရှင် စစ်ရှောင်များ နေအိမ်ဆုံးရှုံးသွားမည်ကို စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

လေးကေကော်မြို့သစ်ကို ပြန်လည်စည်ကားအောင်ပြုလုပ်မည်ဟု ရပ်ကွက်မှူးများနှင့် BGF တပ်ဘက်က ပြောဆိုလာသည့်အတွက် နေအိမ်ဆုံးရှုံးရမည့်အရေး ကြုံတွေ့နေရကြောင်း စစ်ဘေး ရှောင်နေထိုင်ရပြီး နေရပ်ပြန်မနေနိုင်သေးသည့် ရပ်ကွက်နေ ပြည်သူများက ပြောသည်။

ရပ်ကွက်(၆)နေထိုင်သူတစ်ဦးက  “ ရပ်ကွက်မှူးနဲ့ BGF တပ်ကလူတွေက မြဝတီဘက်က BGF မိသား စုတွေကို လူပြန်မနေတဲ့အိမ်တွေကို ပေးနေမယ်ဆိုပြီး အဲ့ရပ်ကွက်မှာ ပြန်နေနေသူတွေက သတင်း ပြောလာတယ်။ တိုက်ပွဲတွေက ဘယ်အချိန် ပြန်ထဖြစ်မယ်မသိတော့ ကျမတို့ ရှောင်နေရတဲ့အပေါ် အဲ့လိုလုပ်တာ၊ အိမ်တွေတော့သူများ ပေးမနေနိုင်ဘူးလေ။ ကိုယ့်အိမ်ကိုယ်ပြန်မနေတာ အပြစ်လုပ်သလို ‌ဖြစ်နေတယ်။ အရင်ကလည်း ပြန်မနေတဲ့အိမ်တွေ ခြံရှင်းခဆိုပြီး ရပ်ကွက်မှူးတွေက ဘတ်တစ်ထောင် တောင်းတာပေးရသေးတယ် ” ဟု ပြောသည်။

လတ်တလော မြဝတီမြို့ဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူး ပေါင်းတပ်များ နှစ်ဖက် စစ်ရေးတင်းမာနေသည့်သတင်းနှင့် BGF တပ်များ စစ်တပ်လက်အောက်ခံအဖြစ်မှ ခွဲထွက်ကြမည့် သတင်းကြောင့် မြဝတီမြို့တွင် နေထိုင်သည့် BGF တပ်မိသားစုဝင်များ လေးကေ့ကော် မြို့သစ်တွင် ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်နေကြသည့် သတင်းများထွင်ပေါ်နေဟု လေးကေ့ကော်မြို့ခံများက ပြောသည်။

“ အရင် လေးကေ့ကော်ဥက္ကဋ္ဌက မြို့နယ်မှူးဖြစ်သွားပြီဆိုတော့ အခုက မြန်မာလူမျိုး ရပ်ကွက်သား၊ ရပ်ကွက်မှူးတွေက လေးကေကော်အုပ်ချုပ်ရေးရုံးမှာ တပ်စွဲနေတဲ့ BGF တွေနဲ့ပေါင်းပြီး အုပ်ချုပ် နေတော့ ပြောမရဲဘူး။ အခုပြန်လာမနေကြတဲ့ အိမ်လွတ်တွေက အများကြီးပဲရှိနေတယ်။ အဲတာမှာ BGF မိသားစုတွေ လာနေမယ်လို့တော့ ပြောနေတယ်။ ”ဟု ရပ်ကွက် (၁)တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ လေးကေ့ကော်မြို့သစ် နေအိမ်များအား KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ တပ်ဖွဲ့ ဝင်မိသားစုများ၊ စစ်ဘေးရှောင် ဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းနေထိုင်သူများအား နေရပ်ပြန် အခြေချရန်မြို့သစ်အဖြစ် KNU ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည် နယ်ဝန်ကြီးချုပ်ဟောင်း ဦးဇော်မင်းတို့က ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။   

ယခုလေးကေ့ကော် မြို့သစ်နေအိမ်များအား BGF တပ်မိသားစုများ လာရောက်နေထိုင်ခွင့်ပြုမည့် သတင်းနှင့်ပတ်သက်၍ လက်ရှိ လေးကေကော် မြို့သစ် ရပ်ကွက်မှူးများနှင့် BGF တပ်တာဝန်ရှိ သူများအား တယ်လီဖုန်း ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းတစ်စုံတစ်ရာပြန်လည် ဖြေကြား မှုမရရှိသေးပါ။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ လေးကေ့ကော်ရပ်ကွက်မှူးများနှင့် BGF တာဝန်ရှိသူများမှ အိမ်ပိုင်ရှင်စစ်ရှောင်မိသားစုများထံ စာထုတ်ကြောငြာအသိပေးခြင်းနှင့် အကြောင်းကြား ဆက်သွယ် ပြောဆိုခြင်းမျိုး မရှိသေးသော်လည်း BGF မိသားစုများ လာရောက်နေထိုင်မည့် သတင်းမှာ အမှန်ဖြစ် ကြောင်း ရပ်ကွက်မှူးများနှင့် နီးစပ်သည့် ပြန်လည်နေထိုင်သူများ ပြောစကားအရ သိရှိရသည်။

Photo-CJ

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...