အမျိုးသားအလံတော်အောက်တွင် မျိုးချစ်စိတ်ဓာတ်တည်ဆောက်ပြီး တစ်စည်းတစ်လုံးတည်း တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

အမျိုးသားအလံတော်အောက်တွင် မျိုးချစ်စိတ်ဓာတ်တည်ဆောက်ပြီး တစ်စည်းတစ်လုံးတည်း တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း
Photo: KIC
Photo: KIC

ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ကရင်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများအနေဖြင့် အမျိုး သားအလံတော်အောက်တွင် မျိုးချစ် စိတ်ဓာတ်ကို တည်ဆောက်ပြီး တစ်စည်းတစ်လုံးတည်း တိုက်ပွဲဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက တိုက်တွန်းလိုက်သည်။

ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ၌ ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပြုလုပ်ကျင်းပသော (၇၆)နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ပဒိုစောလှထွန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပဒိုစောလှထွန်းက “ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အမျိုးသားရေးကိုဆောင်ရွက်နေကြတဲ့ ကရင့်ပါတီတွေ၊ လူမှု့အဖွဲ့အသီးသီးတွေအနေနဲ တန်းတူမှု ဒီမိုကရေစီလွတ်လပ်ခွင့်ကို ရရှိဖို့နဲ့ ပြည် တွင်းစစ်ချုပ်ငြိမ်းဖို့ ကျနော်တို့အတူတကွတည်ဆောက်နိုင်ဖို့ လက်ရှိက အရေးကြီးတဲ့အချိန် ကာလဖြစ်ပါတယ်။ တစ်စည်းတစ်လုံးတည်း ကရင်အမျိုးသားအလံတော်အောက်မှာ အမျိုးသား ရေးအခြေခံအောက်က မျိုးချစ်စိတ်ဓာတ်ကိုတည်ဆောက်ပြီး ပြန်လည်တိုက်ပွဲ ဝင်သွားကြဖို့ဖြစ်ပါတယ်။” ဟု အခမ်းအနားတွင် ပြောသည်။

ယနေ့ကရင်အမျိုးသားနေ့ အခမ်းအနားသို့ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူး- ၂ ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ စစ်ဘက်အရပ်ဘက် ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသူကျောင်းများအပါအဝင် ပရိသတ် ၅၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ ကရင့်တော်လှန်ရေးအတွင်း ကျဆုံးသွား သောခေါင်းဆောင်ကြီးများ၊ ရဲဘော်များ၊ ပြည်သူလူထုများအတွက် တစ်မိနစ်ငြိမ်သက်ခြင်း၊ တက်ရောက်လာသည့် ကေအဲန်ယူခေါင်းဆောင်များက အဖွင့်အမှာစကားပြောကြားခြင်း၊ အားပေးတိုက် တွန်းစကား ပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကျောင်းသား၊ လူငယ်များမှ အမျိုးသား နေ့ဂုဏ်ပြုသီချင်းသီဆိုခြင်းဖြင့် ကျင်းပခဲ့ကြသည်။

(၁၉၄၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် မြန်မာပြည်ကိုအုပ်ချုပ်နေသော ဖဆပလ အစိုးရထံ ကရင်ပြည်ချက်ချင်းပေးရန် ကေအဲန်ယူက စာပေးပို့တောင်းဆိုခဲ့ပြီး ကရင်အမျိုး သားတစ်ရပ်လုံး၏ တောင်းဆိုမှု အမှန်ဖြစ်ကြောင်း လေးနက်စေရန် မြန်မာပြည်တစ်ဝှမ်းမှ ကရင်လူထုက ကရင်ပြည်ရရှိရေး အပါအဝင် ကြွေးကြော်သံလေးရပ်ဖြင့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ဖြင့် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဖာပွန်မြို့တွင်ကျင်းပပြုလုပ်သော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်လူထု၏စည်းလုံးညီညွတ်စွာ ကြွေးကြော်ဆန္ဒပြ ခဲ့ကြသည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ကွန်ဂရက်အတွင်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ယနေ့ထက်ထိ နှစ်စဥ်နှစ်တိုင်း ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...