မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ တရားမဝင်နေထိုင်သူ ချင်းလူမျိုး အယောက် ၃၀ ဝန်းကျင်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံ၊ အစိုးရတာဝန်ရှိသူတို့က ဖမ်းဆီးထိန်းသိမ်းတယ်လို့ မြန်မာလူမျိုး လူမှုကယ်ဆယ်ရေးအသင်း(မလေးရှား) အဖွဲ့ထံ သိရပါတယ်။
ကွာလာလမ်ပူမြို့၊ Pudu ဈေးဘေးက စင်္ကာပူဟိုတယ်နဲ့ ဘေးနားဝန်းကျင်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ဝန်းကျင်မှာ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လ. ဝ. က ရုံး တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရာက နိုင်ငံခြားသား အပါအဝင် ၂၆၃ ယောက်ကို ဖမ်းဆီးလိုက်ပြီး ၎င်းအနက် အယောက် ၅၀ မှာ မြန်မာလူမျိုးဖြစ်ကြကာ အယောက် ၃၀ ဝန်းကျင်က ချင်းလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးခံထားရတဲ့ တရားမဝင်နေထိုင်သူ ချင်းလူမျိုးအပါအဝင် ၂၆၃ ယောက်ကို မလေးရှားအစိုးရက ဘယ်လိုကိုင်တွယ်မယ်မှန်း မသိနိုင်သေးဘူးလို့လည်း ဆိုပါတယ်။