ချင်းပြည်အစိုးရ ဖွဲ့စည်းဖွဲ့မှုအပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း KNU သဝဏ်လွှာပေးပို့

ချင်းပြည်အစိုးရ ဖွဲ့စည်းဖွဲ့မှုအပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း KNU သဝဏ်လွှာပေးပို့

ချင်းပြည်ကောင်စီ (Chinland Council )မှ ချင်းပြည်အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခြင်းသည် လက်ရှိ တော်လှန်ရေး၏ ပြောင်းလဲလာသည့် အရွေ့တစ်ခုကို ထင်ဟပ်စေသည့် ဦးဆောင်စံပြလုပ်ဆောင်မှုအဖြစ် မီးမောင်း ထိုးပြခြင်းဖြစ်ပြီးဝမ်းမြောက်ကြိုဆိုကြောင်း ဖေဖော်ဝါရီလ (၂)ရက်နေ့စွဲဖြင့် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးက သဝဏ်လွှာပေးပို့ကာ ပြောဆိုသည်။

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ နှင့် ပုဒ်မ၃၂ (က)အရ ချင်းပြည်(Chinland) ကောင်စီသည် ချင်းပြည် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာန ၁၄ ခု၏ ဝန်ကြီးများနှင့် ရှေ့နေချုပ်အပါ အမည်စာရင်းများနှင့် အစိုးရအဖွဲ့ကို ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ၏ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့်နိုင်ငံတွင် တိုင်းရင်း သားများ အစဉ်တစိုက်တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့် သမိုင်းမှတ် တိုင်တစ်ခုမော်ကွန်းမှတ်တမ်းထိုးနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် မော်ကွန်းတင် ထပ်လောင်း၍ ဂုဏ်ပြုကြောင်းလည်း ဆိုသည်။

ဆက်လက်၍ ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ယခုလို အသိပေးကြေညာလိုက်ခြင်းသည် အနာဂတ်ဖက်ဒရယ်ပြည် ထောင်စုပေါ် ထွန်းရေးအတွက် ဖက်ဒရယ်၏ သဘောသဘာဝနှင့် အနှစ်သာရကို အောက်ခြေမှ အခြေခံကောင်း အဖြစ် လက်တွေ့ကျကျ ဖော်ညွှန်းပြသသည့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်ကို ယုံကြည်ကြောင်းလည်း ကေအဲန်ယူက ပြောဆိုသည်။

ချင်းပြည်အစိုးရအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးစား လုပ်ဆောင် နေသည့် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များ၊ အခြားဖက်ဒရယ်ယူနစ်များ၊ ထပ်မံပေါ်ပေါက်လာနိုင်သည့် ဖက်ဒရယ်ယူနစ်အသစ်များနှင့်အတူလက်တွဲကာ ပိုမိုလုပ်ဆောင်နိုင်စေကြောင်း ကေအဲန်ယူ သဝဏ်လွှာထဲတွင် ဆန္ဒပြုဖော်ပြထားသည်။

ထို့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း ချင်းပြည်ကောင်စီက ချင်းပြည် အစိုးရဖွဲ့စည်းတည်ထောင်ခြင်းအပေါ် အထူးဝမ်းမြောက်ကြိုဆိုကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ကာ ပြောဆိုသည်။

KNPP သဝဏ်လွှာထဲတွင် ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးမှ ဖွဲ့စည်းအတည်ပြုလိုက်သည့် မဏ္ဍိုင် ကြီး (၃)ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလအတွင်း ချင်းလူထုအရေးအရာကိစ္စများကို စီမံဆောင်ရွက် သွားရန် နှင့် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒ ရယ် ပြည်ထောင်စုထူထောင်ရေးတို့တွင် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရနှင့်အတူ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အစိုးရများ၊  နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်လက်တွဲ ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ချင်းပြည်အစိုးရသည် ဇန်နဝါရီလ ၃၀၊  ၃၁ရက်နေ့က ချင်းပြည်ချင်းလုံမြို့တွင် နှစ်ရက်ကြာကျင်းပသည့် ဒုတိယ အကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်ချအရ  ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်မှာ Pu Pa Thang ဖြစ်သည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...