သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နှစ်ပတ်အတွင်း စစ်ဘေးရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နှစ်ပတ်အတွင်း စစ်ဘေးရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် နှစ်ပတ်အတွင် စစ်ဘေးရှောင် လူဦးရေ ၄ သောင်းကျော်ထိရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။

ထိုတိုက်ပွဲများကြောင့်  ကယား (ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်သည့် ဒေသခံပြည်သူများ ပါဝင်ပါပြီး စစ်ဘေးရှောင် စုစုပေါင်း ၄,၃၇၃၀ အထက်ရှိနေသည်။

ထိုစစ်ဘေးရှောင်များသည် တောင်ကြီး၊ဟိုပုံး စသည့်မြို့နယ်တို့တွင် စစ်ဘေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေရကြောင်း  Pa-o Youth Organization မှ တာဝန်ရှိသူတစ်ဦးက  သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုစစ်ရှောင်ဦးရေ တိုးလာပါတယ်။ ၄၃၀၇၀ နှင့် အထက် စစ်ဘေးရှောင်စာရင်းထဲမှာ ကယား (ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံပြည်သူများ ပါဝင်ပါတယ်" ဟု ၎င်းကဆိုသည်။

PNLA နှင့် PNA ၊ စစ်ကောင်စီအုက်စုတို့ ဇန်နဝါရီလ ၂၁ရက်တွင်  ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသ  စံဖူးကျေးရွား၌ ထိတွေ့တိုက်ပွဲများစတင်ခဲ့ပြီး၊ဇန်နဝါရီ ၂၂ ရက် ဆီဆိုင်မြို့ အရှေ့တောင်ဘက် နောင်ထောဝ်ကျေးရွာကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲမှုများပြုလုပ်ခဲ့သည်။

ထိုကျေးရွာအနီးတဝိုက်ရှိ စစ်ကောင်စီဂိတ်နှင့် PNO/PNA တပ်စခန်း ၄ ခုကိုလည်း PNLO/PNLA နှင့် ပူးပေါင်းမဟာမိတ်များမှ ပစ်ခတ်တိုက်ခိုက်မှုများမရှိဘဲ သိမ်းပိုက်နိုင်ခဲ့ကြောင့် Pa-o Youth Organization မှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၁ ရက်နေ့မှ ၃၁ ထိတိုက်ပွဲများ ပြင်ထန်ခဲ့ပြီး လက်ရှိ ဆီဆိုင်မြို့နယ်မှ ထွက်ပြေးနေ့သည့်ဒေသခံများ၏ နေအိမ်ရှိပစ္စည်းများကို သူခိုးအဖွဲ့များက ဖောက်ထွင်းခိုးယူမှုများရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA သည် ရပ်ရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုတိုက်ရန် အထူးဒေသ (၆) အတွင်းရှိ ဒေသခံအမျိုးသားတိုင်းကို သေနတ် ၁ လတ်တပ်ဆင်ပေးနေကြောင်း သိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာ‌ရေး အဆောက်အဦး ၄ခု နှင့် အရပ်သားနေအိမ် ၃၂လုံး အထိ ထိခိုက်ပျက်စီးသွားကြောင်း Pa-o Youth Organization မှ ထုတ်ပြန်ထားသည်။

October 11, 2024
မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ...
October 10, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ...
October 9, 2024
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှကြောင့် အရပ် သား ၁...
October 8, 2024
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်...