အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရန် ကေအဲန်ယူ ဥက္ကဋ္ဌ ပြော

အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရန် ကေအဲန်ယူ ဥက္ကဋ္ဌ ပြော

တိုင်းပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဏာရှင်အုပ်ချုပ်ရေးစနစ် ဖျက်သိမ်းပြီး ဒီမို ကရေစီ၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်သွားရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ပြောဆိုလိုက်သည်။

ယနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျရောက်သည့်  (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားတော် လှန်ရေးနေ့အတွက် ပြောကြားသော မိန့်ခွန်းတွင် ကေအဲန်ယူ ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

ကေအဲန်ယူ ဥက္ကဋ္ဌက “ဒီတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားအတွက် တစ်ခုတည်းသော နည်းလမ်းကတော့ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ဖျက် သိမ်းပြီး ဒီတိုင်းပြည်ကို လူမျိုးများနှင့် ပြည်သူပြည်သားအားလုံးအတွက် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ အမျိုး သားတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ်တည်ထောင်သွားဖို့ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့အပြင် မည်သည့် အာဏာရှင်စနစ်၏ စရိုက်လက္ခဏာများကို ဖယ်ရှားပြီး  ပြည်သူပြည်သားတို့၏ ဖြစ် တည်ရှင်သန်မှု အကျိုးစီးပွားစစ်စစ်ကိုအာမခံကာ အနာဂတ်မျိုးဆက်သစ်အတွက် ငြိမ်းချမ်းရေးနှင့် ကဏ္ဍစုံ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အဖွဲ့အစည်းအားလုံး၊ ကရင်လူမျိုးများအားလုံးနှင့်  တိုင်းရင်း သားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်ကိုလည်း ကေအဲန်ယူ ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်ရေး၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် တိုင်းပြည်ထူထောင်နိုင်ရန်အတွက် (၁၉၄၇) ခုမှစတင်သည့် ကရင့်တော်လှန်ရေးလှုပ်ရှားမှုသည် ယနေ့ အချိန်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ကာ ကရင်လူမျိုးတို့၏ လိုလားချက်များကို ပြည့်ဝစွာမဖြည့် ဆည်းပေးနိုင်သော်လည်းဘဲ ကရင်လူမျိုးများ၏ အားပေးထောက်ပံ့မှု၊ ကျရာကဏ္ဍများတွင် လက်တွဲ ပါဝင်ဆောင်ရွက်မှုများကြောင့် ယနေ့ အထိတိုင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့်အညီ ကရင့်တော်လှန်ရေး အခြေခံမူဝါဒနှင့် လမ်းစဉ်လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ထားသည့်အတိုင်း နိုင်ငံရေးအခြေအနေပေါ် မူ တည်၍ ဦးဆောင်မှုပြုသည့် ခေါင်းဆောင်များက နိုင်ငံရေးလုပ်ငန်းစဉ်၊ စစ်ရေးလုပ်ငန်းစဉ် စစ်ဆင်ရေး စီမံချက်များအဆင့်ဆင့်ချမှတ်ကာ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နေသလို တစ်ချိန်တည်း ပင်တွင် တော်လှန်ရေးရည်မှန်းချက်တူသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပဒိုစောကွယ်ထူးက ပြောသည်။

ဆက်လက်၍ ကရင့်နိုင်ငံရေးပြဿနာသည် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကရင်အမျိုး သားခေါင်းဆောင်အဆက်ဆက်မှ ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားရန် ရည်ရွယ်ပြီး ၂၀၁၂ မှ ၂၀၂၁ အထိသည် နိုင်ငံရေးအရတွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုထားသော်လည်း အကောင်အထည်ဖော်သည့် လုပ်ငန်း တွင် အုပ်ချုပ်သူဘက်မှ စာချုပ်ပါအတိုင်း  လိုက်နာဆောင်ရွက်မှုမရှိသည့်အပြင် ၂၀၂၁ ခုနှစ် တွင် မြန်မာ့တပ်မတော်မှ တိုင်းပြည်ကို အဓမ္မလုယူ အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံရေးနည်း လမ်းနှင့်အဖြေရှာမှုများကို ရပ်တန့်ရခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ထောက်ပြပြောဆိုထားသည်။

ယနေ့(၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားတော်လှန် ရေးနေ့အတွက် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပေးပို့သော မိန့်ခွန်းလွှာအပြင် ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းများ၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများလည်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြသည်။

ဖဆပလ အစိုးရ လက်ထက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများစတင်ဖြစ်ပေါ်ပြီး တပြည်လုံးရှိ ကရင်အမျိုးသားများက ခုခံတော်လှန်သည့်နေ့ကို အစွဲပြု၍ ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...