မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို မြန်မာကိုပြန်ပို့မည်

မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို မြန်မာကိုပြန်ပို့မည်
ဓာတ်ပုံ - ကိုညို (ပုံစာ - ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ်သား ၁၀၄ ဦးကို လာရောက်ခေါ်ထုတ်စဉ်)
ဓာတ်ပုံ - ကိုညို (ပုံစာ - ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ်သား ၁၀၄ ဦးကို လာရောက်ခေါ်ထုတ်စဉ်)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့သို့ စနေနေ့က ပို့ဆောင်လိုက်ပြီးနောက် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ပြန်ပို့မည်ဟုသိရသည်။

အိန္ဒိယ ပြည်ထဲရေး၀န်ကြီးဌာန တာ၀န်ရှိသူများကို ကိုးကားပြီး All India Radio News ၏ ဖော်ပြချက်အရက် မီဇီုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Bandukbanga ကျေးရွာထဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၂၀ ရက် စနေနေ့က အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ် Zokhawsang သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ထဲတွင် အရာရှိ ၃၆ ဦးပါ၀င်ကာ ၂၄၀ မှာ ရိုးရိုးတပ်သားများဖြစ်ကြပြီး ၁၁ ယောက်မှာ ဒဏ်ရာရရှိကြသည်ဟု All India Radio News က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို ယခုလ ဇန်န၀◌ါရီ ၂ ရက်နှင့် ၉ ရက်နေ့ကကဲ့သို့ မနက်ဖြန် ဇန်န၀◌ါရီ ၂၂ ရက် နေ့တွင် အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ တဆင့် ရခိုင်ပြည်နယ် စစ်တွေ့မြို့သို့ စစ်ကောင်စီတပ် လေကြောင်းလိုင်းက လာရောက်ခေါ်ထုတ်သွားမည်ဟု သိရသည်။

ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ယခင်ကလည်း တိုက်ပွဲအတွင်း စစ်ရှုံး၍ မီဇိုရမ်ပြည်နယ်ထဲကို မကြာခဏထွက်ပြေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ် မိုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာကိုပြန်ပို့ခဲ့ကြပြီးဖြစ်သည်။

ထို့နောက် ယခုနှစ် ဇန်န၀◌ါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်းကောင်း၊ ဇန်န၀◌ါရီလ ၉ ရက် နေ့က စစ်ကောင်စီတပ်သား ၁၀၄ ဦးကိုလည်ကောင်း အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ် လေကြောင်းက လာရောက်ခေါ်ထုတ်ခဲ့ပြီးဖြစ်သည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...