မြဝတီ ခရိုင်ရဲစခန်း ဒုတိယအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

မြဝတီ ခရိုင်ရဲစခန်း ဒုတိယအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ကရင်ပြည် မြဝတီခရိုင်ရဲစခန်းဝင်အတွင်းသို့ဒီဇင်ဘာလ ၆ ရက်၊ ယမန်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်ခန့်အချိန်တွင် ဒရုန်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ နှင့်နီးစပ်သည့် သတင်းအရင်း အမြစ်က ပြောသည်။

“ဒရုန်းလာကြဲချတာ နောက်တစ်ကြိမ် ထပ်ခံရတယ်။ စစ်သားတွေ ၊ BGF တွေ သေနတ်နဲ့လိုက်ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ပုံစံရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ရဲဝင်းထဲ ၂ လုံးပေါက်တယ်။ ရှေ့တန်းရုံးဘက် တစ်လုံးကျတယ်လို့တော့ ပြောတယ်။ အခုတော့ ဘယ်သူထိတယ်ဆိုတာမသိသေးဘူး ”ဟု ရဲတပ်ဖွဲ့ နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များဒရုန်းဖြင့် ခရိုင်ရဲစခန်းကို တိုက်ခိုက်ရာတွင် စစ်တပ်ရှေ့တန်မှူး အပါအဝင် ၆ ဦးသေဆုံးပြီး ၁၁ဦးအစမှန်ဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဘက်ကထိခိုက်သေဆုံးမှုရှိမရှိ မသိရသေးပေ။

အဆိုပါ ဒရုန်းဗုံးတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းမျိုး မတွေ့ရှိရသေးသလို စစ်ကောင်စီဘက်ကလည်း ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

လတ်တလောတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၆ရက်အတွင်း သင်္ဃန်းညီနောင် ရဲစခန်း၊ စစ်တပ်ဗျူဟာကုန်း နှင့် ခြေလျင်တပ်ရင်း -ခလရ ၂၇၅ စစ်တပ် အနီးဝန်းကျင်ရှိ စစ်ကတုတ်များအား ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရမှုရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း မြဝတီ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောစကားအရ သိရသည်။  

ခရိုင်ရဲစခန်းဒရုန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် လက်ခတ်တောင်၊‌ ကျောက်မိုင်း၊ မဲကနယ်၊ ကွင်းကလေးကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သံများ ကြားနေရကြောင်း မြဝတီမြို့ခံများက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်၊ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၊ BGFတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပြီး စစ်တပ်၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးလမ်းပိုင်းများ ဖြတ်သန်းသွားလာခွင့် ပိတ် ထားကြောင်း မြဝတီမြို့ခံများ ပြောဆိုချက်အရ သိရသည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...