စစ်တပ်အရာရှိတွေကို ကျန်းမာရေးဌာန အကြီးအကဲနေရာတွေထံ ထပ်မံပြောင်းရွှေ့လာ

စစ်တပ်အရာရှိတွေကို ကျန်းမာရေးဌာန အကြီးအကဲနေရာတွေထံ ထပ်မံပြောင်းရွှေ့လာ
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

စစ်ကောင်စီတပ်ရဲ့ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ဗိုလ်မှူးတွေနဲ့ စစ်တပ်အရာရှိ ၂၄ ဦးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လစ်လပ်ရာထူးတွေမှာ ဝာာဝန်ထမ်းဆောင်ဖို့ ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းပါ ဖော်ပြချက်အရ ဒုတိယဗိုလ်မှူးကြီး ထူးအောင်ဝင်းကို နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ ညွှန်ကြားရေးမှူး ရာထူး၊ ကျန်ဗိုလ်မှူးတွေနဲ့ ဗိုလ်ကြီးတွေကို လက်ထောက်ညွှန်ကြားရေးမှူး၊ အထူးကုဆရာဝန်ကြီးနဲ့ ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိရာထူးတွေ ပေးအပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိ ၁၀ ဦးကို အရပ်ဘက်ဝန်ကြီးဌာနသုံးခုမှာ ဦးစီးအရာရှိနဲ့ လက်ထောက်မန်နေဂျာ ရာထူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်တာတွေ ရှိခဲ့ပါတယ်။

စစ်တပ်ဘက်က အရာရှိတွေ အရပ်ဘက်ဌာနဆိုင်ရာတွေထံ ပြောင်းရွှေ့လာတာဟာ စစ်အာဏာရှင်ရဲ့ စစ်ဗျူရိုကရေစီစနစ်ကို အကောင်အထည်ဖော်တာဖြစ်ပြီး ဝန်ထမ်းတွေကို တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်သွားမယ့် အစီအစဉ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

" စစ်အာဏာရှင်တွေရဲ့ မူဝါဒပေါ်လစီတွေကို အကောင်အထည်ဖာ်တဲ့ နေရာမှာဌာနအသီးသီးမှာ ပုံပေါ်လာအောင် သူတို့ ( ရာထူးပြောင်းလာသော စစ်အရာရှိများ)က ဝိုင်းဝန်းအကောင်အထည်ဖော်ကြတဲ့ အင်အားစု တွေဖြစ်ပါတယ်။ အရင်ထဲကရှိနေတဲ့ ဗျူရိုကရေစီကို အရှေ့ကစစ်ထည့်ပြီး စစ်ဗျူရိုကရေစီစနစ်ကို သွတ်သွင်းလာတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဌာနဆိုင်ရာတွေအတွင်းမှာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ အုပ်ချုပ်တယ် သူတို့က တစ်သွေးတစ်သံတစ်မိန့်နဲ့ ဝန်ထမ်းတွေကို နှိပ်ကွပ်တာသာဖြစ်တယ်" လို့ ဆိုပါတယ်။

အရပ်သားဝန်ထမ်းတွေက မိုးကျရွှေကိုယ်လို့ ခေါ်ဆိုကြတဲ့ စစ်တပ်ဘက်က အရာရှိတွေဟာ အာ ဏာသိမ်းကာလအတွင်း အရပ်ဘက်ဌာနတွေထံ အသွင်းပြောင်းနေရာယူမှု တစထက်တစမြင့်တက်လာတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း စစ်တပ်အရာရှိ ၁၆၀ ထက်မနည်း အရပ်ဘက်ဌာနဆိုင်ရာတွေရဲ့ အကြီးအ ကဲနေရာတွေထံ ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရပ်ဘက်ဌာန ပြောင်းရွှေ့မှုမှာ ဗိုလ်မှူးကြီးအဆင့်ကို ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ် မှူးကြီးအဆင့်ကို ဒုတိယညွှန်ကြားရေးမှူး၊ ဗိုလ်မှူးအဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်ကြီးအဆင့်ကို ဦးစီးအရာရှိ အဆင့်အထိ နေရာပေးတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံပြန်တမ်းရဲ့ ဖော်ပြချက်တွေအရ စစ်တပ်အရာရှိတွေ အရပ်ဘက်ပြောင်းရွှေ့မှုမှာ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကအစ မြန်မာ့စီးပွားရေးဘဏ်၊စီးပွားကူးသန်း၊ ကျန်းမာရေး၊ ပညာရေးဝန်ကြီးဌာနတွေအပြင် အရေးပါတဲ့ဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ခန့်အပ်ထားတာပါ။

စစ်တပ်အရာရှိတွေကို အရပ်ဘက်ဌာနတွေထံ ပြောင်းရွှေ့တာဝန်ပေးတာဟာ စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ် ခိုင်မာလာအောင် အကောင်ထည်ဖော်တာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Most read this week

October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...