KNU နယ်မြေမှာ စခန်းသိမ်းတိုက်ပွဲတွေစတင်

KNU နယ်မြေမှာ စခန်းသိမ်းတိုက်ပွဲတွေစတင်

လူထုတိုက်ပွဲဆင်နွှဲကြောင်းကြေညာပြီးနောက် KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရင်းနဲ့ စခန်းသိမ်းတိုက်ပွဲ တွေ စတင်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေခံနေရတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန်တိုက် ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က KNU အနေနဲ့ လူထုတိုက်ပွဲဖော်ဆောင်မယ်လို့ အသိပေးချိန်မှာပဲ စစ်ကောင်စီ ခမရ ၃၅၁ အခြေစိုက်တပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ BPLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တောင်ငူ-သံတောင် ကားလမ်းပေါ်မှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၂ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက် က ရဟတ်ယာဉ်နဲ့ ၂ ရက် ဆက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၂ ဦးသေဆုံးပြီး ပြည်သူအများ အ ပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ KNU ဝင်းရေးမြို့နယ်ရုံးအနီး မြေနီ ကုန်းကျေး ရွာထဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွက် အရပ်သား ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲတွေဆက် လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ် ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့က ချောင်းနှစ်ခွ ဒေသအနီး လှကဇိုင်းကျေးရွာထဲက ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့က ပြောထားပါတယ်။

KNU ဒူပလာယာခရိုင် တပ်မဟာ ၆ အတွင်းက ဝေါ်လေ၊စုကလိ၊ကျိုက်ဒုံနဲ့ ကော့ကရိတ်မြို့နယ်တို့က စစ်ကောင်စီအုပ်ချုပ်ရေးအောက်မှာရှိတဲ့ ယန္တရားတွေမှာ ပါဝင်နေကြသူတွေအနေနဲ့ ၁ ပတ်အ တွင်း မြို့ကနေအမြန်ဆုံးထွက်ခွာကြဖို့နဲ့ မလိုက်နာပါက နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ KNU ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီက နိုဝင်ဘာ ၁၇ ရက်စွဲနဲ့ သတိ ပေးထားပါတယ်။

အဲဒီမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မ ကြာခဏဆိုသလို သွားရောက်တိုက်ခိုက်တာတွေရှိတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

Most read this week

October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...