ဖလမ်းမြို့အနီးက ဗာရ်းစစ်စခန်းကို စစ်ကောင်စီတပ် စွန့်ခွာသွား

ဖလမ်းမြို့အနီးက ဗာရ်းစစ်စခန်းကို စစ်ကောင်စီတပ် စွန့်ခွာသွား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကလေး- ဖလမ်းလမ်းမပေါ်က အထိုင်စခန်းတစ်ခုဖြစ်သည့် ဗာရ်းစစ်စခန်းကို ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်များ စခန်းပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းချင်းငိုင်က ပြောသည်။

“သူတို့ ဒီနေ့ ဆုတ်သွားကြတယ်။ သူတို့ ဖလမ်းမြို့ပေါ်က တပ်နဲ့ ပေါင်းလိုက်တယ်။ ဒီလို တပ်ဆုပ်သွားတာက သူတို့ လန့်လာတယ်နဲ့ တူတယ်။ ဟိုနေ့ကလည်း CNA က ရိ (ရိခေါဒါရ်) ကို သိမ်းတယ်။ ကျနော်တို့ကလည်း ဒီနေ့ တပ်စခန်းတခုကို သိမ်းတယ်ဆိုတော့ သူတို့မှာ အင်အားလည်း မရှိတော့တဲ့ပုံပဲ။ မြို့ပေါ်ကို တက်သိမ်းမှာ စိုးလို့ လူအင်အားစုတဲ့ ပုံစံလည်း ဖြစ်နိုင်တယ်” ဟု ဆလိုင်းချင်းငိုင်က ပြောသည်။

ဖလမ်းမြို့နှင့် ၅ မိုင်ခန့်အကွာမှာ တည်ရှိသည့် ဗာရ်းစစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင် စခန်းကို စွန့်ခွာသွားကြပြီး ဖလမ်းမြို့အခြေစိုက် ခလရ - ၂၆၈ တပ်ရင်းနှင့် ပူးပေါင်းသွားကြသည်ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည် ဧပြီလ ၁၀ ရက် ဗါရ်းစစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး တပ်သား ၁၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်၊ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းကလည်း ရိခေါဒါရ်မြို့နှင့် ဖလမ်းမြို့ကြားမှ သီးဘွာလ်စစ်ခန်းကို CNDF တပ်ဖွဲ့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယင်းစခန်းကို မီးရှို့ဖျက်စီးလိုက်သည်၊

စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး တပ်သားအားလုံးနီးပါးသည် တိုက်ပွဲအတွင်း စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

အိန္ဒိယ- မြန်မာနယ်စပ်က စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် ရိခေါဒါရ်မြို့ကို CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၃ ရက်က စတင်၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။

မြန်မာနိုင်ငံအနှံ့ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင်နှင့် စစ်ကိုင်းတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နေပြီး နှစ်ပတ်ခန့်အကြာတွင် ချင်းပြည်နယ်တွင်လည်း မြို့သိမ်းတိုက်ပွဲ စတင်လာနေပြီဟု ချင်းအမျိုးသားတပ်ဦး (CNA/CNF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...
October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...