Published
Wednesday, November 15, 2023
ကော်သူးလေအာမီ-KTLA ဟာ KNU/KNLA ကို ဆန့်ကျင်တိုက်ခိုက်တဲ့အဖွဲ့မဟုတ်ကြောင်း KTLA စစ်ဦးစီးချုပ်ပြော
- ကော်သူးလေအာမီ -KTLA ဟာ KNU/KNLA ကို ဆန့်ကျင်တိုက်ခိုက်တဲ့ အဖွဲ့မဟုတ်ဘူးလို့ KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက သဘောထားထုတ်ပြန်လိုက်ပါတယ်။
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ နဘူးမြို့နယ်အတွင်းက လောင်းကစားဝိုင်းတွေကို တာဝန်ရှိသူတွေအနေနဲ့ အရေးယူခြင်းမရှိတဲ့အတွက် ဒေသခံတွေ စိတ်ပျက်နေကြရပါတယ်။
- စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန်မှာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီး သတင်းအစအနမရတော့ဘဲ ပျောက်ဆုံးသွားသူတွေများလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြောဆိုလိုက်ပါတယ်။