၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်ပြည့်ချိန် မြို့ ၁၀ မြို့ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်ပြည့်ချိန် မြို့ ၁၀ မြို့ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်

- ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကာလ နှစ်ပတ်ပြည့်လာတဲ့အချိန်မှာ ဆယ်ဂဏန်းလောက်ရှိတဲ့မြို့တွေနဲ့ စစ်ကောင်စီရဲ့စခန်းကြီးငယ်ပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ကြေညာပါတယ်။

- ကရင်နီပြည်မှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၃၀ နီးပါးအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော်ကျဆုံးပြီး  ထိခိုက်ဒဏ်ရာရတာတွေလည်း များခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ကြေညာပါတယ်။

- တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာစေတဲ့ အဓိက တရားခံဟာ  စစ်ကောင်စီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။

October 22, 2024
မြောက်ဦး တိုက်ပွဲကာလ ထိခိုက်သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ ဘယ်လို ဖြတ်သန်းနေကြလဲ။...
October 22, 2024
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန်...
October 21, 2024
- မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီတပ်ရဲ့ စွယ်တော်လက်နက်ကြီးစခန်းကုန်းကို...
October 21, 2024
Rajabhat တက္ကသိုလ်နဲ့ မွန်အမျိုးသားကောလိပ်တို့ကြား အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်ရေးအတွက်...