Published
Wednesday, November 08, 2023
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေ
- တပ်မဟာ ၄ နယ်မြေအတွင်း ကော်သူးလေအာမီ-KTLA တပ်စခန်း ၆ ခုကို အောက်တိုဘာလတစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်က ရှင်းလင်းခဲ့တယ်လို့ KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။
- ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
- ကရင်ပြည်နယ် ဒူးပလာယာခရိုင်အတွင်းက စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မိသားစုတစ်စုဟာ တခြားဆွေမျိုးအသိုင်းအဝန်းတွေနဲ့ အဆက်အသွယ်ပြတ်သွားတဲ့အတွက် လတ်တလောအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။