မလေးရှားသွားရန် စက်လှေနှင့် လိုက်ပါလာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ပင်လယ်ပြင်တွင် ဖမ်းမိ

မလေးရှားသွားရန် စက်လှေနှင့် လိုက်ပါလာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ပင်လယ်ပြင်တွင် ဖမ်းမိ

ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် စက်လှေ ၂ စီးဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာ ၁၆၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ ရေတပ်စစ် သ‌င်္ဘောက ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ရိုဟင်ဂျာများမှာ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ရန် ပွဲစားများနှင့် ချိတ်ဆက်ကာ ထွက် လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် စက်လှေ ၂ စီးဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာ အမျိုးသား ၈၀ ဦး၊ အမျိုးသမီး ၈၇ ဦး၊ စုစုပေါင်း ၁၆၇ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၆၇ ယောက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါတာ တွေ့ရတယ်။ ဘယ်‌နှစ်ယောက်လဲ ဆိုတာတော့ သေချာမသိဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက‌ ပြောသည်။

ဖမ်းဆီးထားသော ရိုဟင်ဂျာများကို ငပုတောမြို့သို့ ခေါ်ဆောင်လာကာ ရေသန့်စက်ရုံအတွင်း ထားရှိပြီး လက်ရှိ တွင် လဝကနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆးမှုများ လုပ်ဆောင်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “သူတို့ကို ကျန်းမာရေး စစ်ဆေးရာမှာ အမျိုးသား သုံး ဦးနဲ့ အမျိုးသမီးတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့လို့ သီးခြားထားပြီး ကုသပေးနေတယ်” ဟု ပြောသည်။

အဆိုပါ ရိုဟင်ဂျာများကို နိုဝင်ဘာလ ၂ ရက်နေ့က ရေတပ် စစ်သင်္ဘောက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူတိုက ပွဲစားနဲ့ ချိတ်ဆက်ပြီး မလေးရှားကို အလုပ်လုပ်ဖို့ ထွက်လာကြတာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောဘက်က ဒုက္ခသည်စခန်းတွေကလို့ သိရတယ်။ စက်လှေနဲ့ခေါ်လာတဲ့ မြန်မာလူမျိုး ၁၀ ဦးကိုလည်း ဖမ်းထားတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ယခုနှစ် မေလ ၅ ရက်နေ့ကလည်း ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် မောင်းနှင်လာသော စက်လှေပေါ်မှ ရိုဟင်ဂျာ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၆၂ ဦးကို ဟိုင်းကြီးကျွန်း ရေတပ်စခန်းမှ စစ်ရေယာဉ်က  ဖမ်းဆီးခဲ့သေးသည်။

ထို့အတူ ဧပြီလ ၁၉ ရက်နေ့ကလည်း ငရုတ်ကောင်းမြို့၊‌ ဂေါ်ရန်ဂျီကျွန်းအနီး ပင်လယ်ပြင်တွင်  စက်‌လှေဖြင့် လိုက်ပါလာကြသော ရိုဟင်ဂျာများကို စစ်ကောင်စီ လက်အောက်ခံ ရေတပ်က ဖမ်းဆီးခဲ့သေးသည်။

ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း ရိုဟင်ဂျာ အယောက် ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယခုနှစ် သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးထောင်ချခံထားရသည့် ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်နှင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...