စစ်ရှောင်များအကြား မူးယစ်ဆေးရောင်းနေသူကို ကရင်နီပြည် ရဲတပ်ဖွဲ့ ဖမ်းဆီး

စစ်ရှောင်များအကြား မူးယစ်ဆေးရောင်းနေသူကို ကရင်နီပြည် ရဲတပ်ဖွဲ့ ဖမ်းဆီး

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးဝါး ရောင်းချ နေသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)မှ တာဝန်ရှိသူများက ပြော သည်။

ကျေးရွာနေ ပြည်သူများ၏ သတင်းပေးချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် KSP အမှတ် ၉ ရဲစခန်းမှ နယ်ထိန်း ဦးဇွန်နီလင်း၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ရဲဘော် ကော်ဒီဇင်ထူး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၅ (KNDF)မှ ရဲဘော် စိန်ဘထွန်းတို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

KSP အမှတ် ၉ ရဲစခန်း ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ဖမ်းပြီးရင်တော့ ကျနော်တို့ ရဲနဲ့တော့ မဆိုင်တော့ဘူး ပေါ့နော်။ ကျနော်တို့ ရဲက သူတို့အပြစ် ဘယ်လောက် ရှိတယ်ဆိုတာ ချမှတ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ကျနော် တို့က တရားရုံးကို Support (အထောက်အပံ့) လုပ်ပေးတဲ့ အဖွဲ့ပဲပေါ့နော်။ မူးယစ်ဆေးဝါး အန္တရာယ် ဖြစ်တယ် ဆိုရင် ကျနော်တို့ ဖမ်းတယ်၊ ဖမ်းပြီးရင် သက်သေအစုံအလင်နဲ့ တရားရုံးကို တွဲပို့တယ်။ တရားရုံးက ထောင်ချ တာပေါ့နော်။ ကျနော် သိသလောက်ကတော့ ၁၀ နှစ်တို့ ၁၅ နှစ်တို့ ချတာမျိုး တွေ့တယ်။ ဒါက ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအောက်က တရားရေးဌာနကနေ တရားရုံးက ပြန်ပြီး စီရင် ဆုံးဖြတ်တာပေါ့ နော်" ဟု ပြောသည်။

တရားခံမှာ အသက် ၃၀ အရွယ် ဦးအောင်သန်းလင်း ဖြစ်ပြီး ၎င်း၏ နေအိမ်တွင် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကျော်နှင့်အတူ ၎င်းအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် တရားခံအား အမှတ် ၉ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး (ပ) ၈/၂၀၂၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပြစ်မှု ဥပဒေဆိုင်ရာ ပုဒ်မ ၁၉-က၊ ၂၂-ခ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့် ပတ်သက်၍ လတ်တလော စီမံဆောင်ရွက်နေမှုများအား မေးမြန်းရာတွင်လည်း KSP အမှတ် ၉ ရဲစခန်း ပြန်ကြားရေး တာဝန်ခံတစ်ဦးက ယခုကဲသို့ ဖြေကြားခဲ့သည်။

“ပပျောက်ဖို့အတွက် ရှောင်တခင် စစ်ဆေးတာမျိုးတွေ၊ ဖမ်းဆီးတာတွေ လုပ်တယ်။ ပြီးရင် သုံးစွဲတဲ့သူတွေ နည်း သွားအောင် ကျောင်းတွေမှာ၊ ရွာတွေမှာ၊ ကျနော်တို့ လွှမ်းမိုး နယ်မြေတွေမှာ အသိပညားပေး ဟောပြောပွဲတွေ လိုက်လုပ်နေတာတွေ ရှိတယ်။”

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်တွင်း KSP ထိန်းချုပ်နယ်မြေ ကျေးရွာ တစ်ရွာ တွင် စိတ်ကြွရူးသွပ် ဆေးပြားနှင့် ဆက်စပ်ပစ္စည်း အချို့အား ဖမ်းဆီးရမိခဲ့သေးသည်ဟု တာဝန်ရှိသူများက ပြော သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံ KSP တပ်ဖွဲ့အား ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စခန်း ၉ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အချိန်အထိ အမှုပေါင်း ၂၃၅ မှုအထိ ဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့သည်ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)၏ စာရင်းများတွင် ဖော်ပြထားသည်။

Most read this week

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...